Unicode version…
ကြီးမားပေါ့ပါးပြီး ပိုပြီးခေတ်မီဆန်းသစ်တဲ့ ကမ္ဘာအနှ့ံရောင်းအားအကောင်းဆုံးဆီဒင် The all-new 2017 Cruze အားChevrolet Myanmar က အောက်တိုဘာလ ၅ ရက်မှစပြီး မိတ်ဆက်ပြသရောင်း ချနေပြီဖြစ်ပါ တယ်။ ကမ္ဘာအနှ့ံရောင်းအားအကောင်းဆုံးဆီဒင် The all-new 2017 Cruze က ယခင်မော်ဒယ် အဟောင်း ထက် 25 mm ပိုရှည်ပြီး အမြင်ကိုတော့့10 mm နှိမ့်ထားပါတယ်။ အဓိကကတော့ သူ့ရဲ့ရုပ် ထွက်အပိုင်းကို လှပစေရုံသာမက ဘဲ လေခွင်းအားကောင်းအောင်ပါ ပုံဖော်ထားတာတွေ့ရပါတယ်။ ဒီကားမှာ အဓိက ပါဝင်လာ မယ့်အရာတွေကို highlights လုပ်ပြရမယ်ဆိုရင် – (၁)Standard အနေနဲ့ 1.4L turbocharged engine ကို direct injection နဲ့တွဲဖက်အသုံးပြုထားပြီး ပါဝါထွက်ရှိမှုက 153 ps ဖြစ်သလို transmission က six-speed automatic ဖြစ်ပါတယ်။(၂) The all-new 2017 Cruze ကို ဗိသုကာအတတ်ပညာအသစ်များနဲ့ ပိုမိုပေါ့ပါးပြီး ပိုမိုကြံ့ခိုင်မှုရှိအောင် ပြန်လည်ဖွဲ့စည်းထားလို့ ယခင် Model ဟောင်းထက် 110 kg ပိုမိုပေါ့ပါးသွားပါတယ်။(၃) wheelbase ကိုလည်း 2,700-mm အထိတိုးမြှင့်ထားလို့ နောက်ဖက်ထိုင်ခုံတန်းမှာ အကောင်းဆုံးသော နေရာ အကျယ်အဝန်းကိုရရှိစေမှာပါ။ (၄) four-wheel disc brakes ၊ Parking ထိုးဖို့ယာဉ်မောင်းကို အပြည့်အဝ ကူညီပေးနိုင်တဲ့ Back Camera ၊ standard 7-inch-diagonal screen ၊ Apple CarPlay နဲ့ချိတ်ဆက်ထားတဲ့ Chevrolet MyLink စတဲ့ features အသစ်တွေထည့်သွင်းထားပါတယ်။ ဒီတော့ ထူးခြားချက်တွေပါဝင်နေတဲ့ 2017 Chevrolet Cruze အကြောင်းဆက်လေ့လာကြည့်ရအောင်ပါ။
အပြင်ဘက်ဒီဇိုင်း
ရှေ့ရှဲနှစ်ထပ်ကို အသုံးပြုထားပြီး ခရိုမီယမ်သတ္တုတွေနဲ့အနားကွပ်ထားတဲ့ Cruze ရဲ့ရုပ်သွင်က စွဲဆောင် မှုရှိစေရုံသာမကဘဲ လေခွင်းအားကောင်းအောင်လည်း aerodynamic စနစ်နဲ့တည်ဆောက်ထားပါတယ်။ Wind tunnel-optimized design ကိုသုံးစွဲထားလို့ ကားကပိုပြီးပေါ့ပါးသလို ကြ့ံခိုင်မှုလည်းပိုရှိလာသလို sporty compact ပုံစံမျိုးပေါက်နေပါတယ်။ လှပစွာပုံဖော်ထားတဲ့ Auto Headlamp ၊ မြင့်မားသော အလင်း ရောင်ကိုထုတ်ပေးနိုင်တဲ့ daytime running lights နဲ့ fog lamp တို့ကလည်း Cruze ရဲ့တင့် တယ်မှုကို ပိုမိုထည်ဝါစေပါတယ်။ ရှေ့လေကာမှန်နဲ့ ဘေးတံခါးမှန်တွေက လည်းနေ ရောင်ခြည်ကိုကာ ကွယ်ပေးနိုင်ပြီး အလိုအလျောက်အလုပ်လုပ်တဲ့ Wiper စနစ်လည်းပါပါတယ်။ ပြီးတော့ နောက်ဘက်ပုံစံ ကလည်း အမေရိကန်ရဲ့နာမည်ကျော် Muscle car Chevrolet Camaro အသွင်ယူထားလို့ လှပမှုအပြင် မာကျောမှုကိုပါပြသသယောင်ဖြစ်သွားပါတယ်။ 2017 Best New Cars for Teens ဆုရရှိထားတဲ့ 2017 Chevrolet Cruze ဟာ နောက်ဆုံးပေါ်နည်းပညာတွေကို သုံးထားပြီး ကိုယ် ထည်ပေါ့ပါးမှု ၊ အကြမ်းခံနိုင်မှု ၊ လက်ကိုင်ပိုင်းအသုံးပြုရတာ ပိုပြီး ကောင်းမွန်စေဖို့အတွက် suspension စနစ်မှာလည်း Aluminum တွေနဲ့ ပေါင်းစပ်ပြုလုပ်ထားပါတယ်။ Sport ဆန်တဲ့ ၁၇ လက်မ အလွိုင်းဝှီး တွေကလည်း Cruze ရဲ့သွားလာမှုတွေကို အကောင်းဆုံးပံ့ပိုးပေးနိုင်မှာပါ။
အတွင်းခန်း
၇လက်မ diagonal colour touch-screen ပါဝင်ပြီး Audioနဲ့ Chevrolet MyLink နဲ့ချိတ်ဆက်ထားတဲ့ နောက်ဆုံးပေါ် Apple CarPlay စနစ်ပါဝင်တဲ့အပြင် Android ဖုန်းတွေနဲ့ပါ Map ၊ Audio ၊ voice commands တွေကို ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ဒါ့အပြင် luxury ဖြစ်စေမယ့် 3 Spokes ပါ စတီယာ ရင်ပါဝင်ပြီး အဲဒီစတီယာရင်မှာ Radio & Phone တွေကို Control လုပ်နိုင်ပါတယ်။ OnStar 4G LTE Wi-Fi စနစ်ပါပြီး အလွယ်တကူချတ်ဆက်အသုံးပြုလို့ရပါသေးတယ်။ အဲဒီအပြင် စပီကာ ၄ လုံးပါပြီး HAVC System Air Conditioner ကအလိုအလျောက်အပူချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။အဲဒီအပြင် Teen Driver technology ကလည်း ယာဉ်မောင်းသူရဲ့Speed ကို touch-screen ဖော်ပြသတိပေးနိုင်ပါတယ်။ဒါတွေအပြင် ယာဉ်ကြော ကျပ်တည်းမှု ၊ ပတ်ဝန်းကျင်နဲ့လမ်းအခြေအနေတွေကိုလည်း ဖော်ပြပေးနိုင်ပါတယ်။ USB Charger Port ပါဝင်ပြီး ထိုင်ခုံတွေကလည်း သက်သောင့်သက်သာရှိသလို လုံလောက်တဲ့အကျယ်အဝန်းလည်း ပါရှိပါတယ်။
စွမ်းဆောင်ရည်နှင့်လုံခြုံမှု
ဒီကားမှာ Standard အနေနဲ့1.4L turbocharged engine ကို direct injection နဲ့အသုံးပြုထားပြီး ပါဝါထွက်ရှိမှုက 153 ps ဖြစ်သလို transmission က six-speed automatic ဖြစ်ပါတယ်။ ဆီစားနှုန်းက မြို့ပြင်ပျမ်းမျှ 15.5 km ကို 1 လီ တာ ဖြစ်ပြီး The all-new 2017 Cruze ကိုအင်ဂျင်ပုံစံအသစ်နဲ့ တည် ဆောက်ထားလို့ အမြန်နှုန်း စွမ်းဆောင်ရည်က 0-100 km ကို ၈ စက္ကန့် အောက်နဲ့ရောက်ရှိနိုင်ပါတယ်။Front Wheel Drive ဖြစ်ပြီး ABS စနစ်ကို ရှေ့နောက် ၂ ခုလုံးတပ်ဆင်ပေးထားပါတယ်။ Safety ကိုဦးစားပေးတဲ့ Chevrolet ရဲ့ထုံးစံအတိုင်း ရှေ့ဘက်နဲ့ဒူးတွေကို ကာကွယ်ပေးဖို့ Airbags 4 လုံးပါဝင်မှာပါ။ နောက်ပြီးယာဉ်တိုက်မှုဖြစ်ရင် ကာကွယ်ပေးနိုင်ဖို့ စွမ်းရည်မြင့်စတီးတွေကိုလည်းထည့်သွင်းထားပါ သေးတယ်။Electronic Cruise Control , Driver & Passenger Seat Belt Reminder, Rear Park Assist, Engine Immobilizer, Tire Pressure Indicator, Electronic Stability Control တို့လည်းထည့်သွင်းထားပါတယ်။
Chevrolet The all-new 2017 Cruze ကို Trim level အနေနဲ့ LT Trim တစ်ခုသာရရှိနိုင်ဦးမှာဖြစ်ပြီး LTZ Trim ကတော့မရောက်ရှိသေးပါဘူး။စျေးနှုန်းအနေနဲ့ USD 36,000 ကျသင့်မှာဖြစ်ပြီး PACIFIC-AA MOTORS LTD No.242, Upper Pazuntaung Rd, Sat San, Mingalar, Taung Nyunt, Yangon.
Tel: 019000621 မှာဆက်သွယ်ဝယ်ယူနိုင်ပါတယ်။
2017 Lincoln Continental
Specs..
Engine – 1.4L DOHC I-4 VVT DI Turbo
Maximum Power (HP/rpm) – 153/5,600
Maximum Torque (Nm/rpm) – 177/2,000-4,000
Wheelbase (mm) – 2,700
Front/Rear Track Width (mm) – 1,540/1,558
Fuel Tank (liters) – 52
Transmissions – 6 Speed / AT
Air Bags – 4
Zawgyi version…
အပြင်ဘက်ဒီဇိုင်း
အတွင်းခန်း
Specs..
Wheelbase (mm) – 2,700
Fuel Tank (liters) – 52
Air Bags – 4