Subaru Levorg Wagon သည် ဂျပန်ဈေးကွက်တွင် အဓိကရောင်းချသည့် Subaru ၏ Wagon Model ဖြစ်သည်။ ၎င်းအား 2014 တွင် စတင်မိတ်ဆက်ခဲ့ပြီး ဂျပန်အပြင် ဥရောပနိုင်ငံအချို့ နှင့် Australia တို့၌ ရောင်းချခဲ့သည်။ လက်ရှိ Model သည် 2020 တွင် မိတ်ဆက်ထားသည့် Model ဖြစ်ပြီး ၎င်းတွင် STI Sport ကဲ့သို့ Trim များပါဝင်လာသည်။ JDM Model ဖြစ်သည့် New Levorg တွင် ကားပြင်ပထိခိုက်မှုကို အဓိက အကာအကွယ်ရမည့် လေအိတ်စနစ်ဖြစ်ပြီး ကားအရှိန်နှေးက စေသည့် External Airbag System ကို ထည့်သွင်းပေးမည်ဖြစ်သည်။ အဆိုပါ အသက်ကယ် လေအိတ်စနစ်အား ကားရှေ့ဖက် လေကာမှန်ကြီး အောက်ဖက်တွင် တပ်ဆင်ထားမည်ဖြစ်ကာ ယာဉ်မတော်တဆမှုကြောင့် ဖြစ်လာမည့် ထိခိုက် ဒဏ်ရာရမှုများကို လျှော့ချရန် ရည်ရွယ်တပ်ဆင် ခြင်းဖြစ်သည်။ အထူးအားဖြင့် လမ်းသွားလမ်းလာ များကို အဓိက ကာကွယ် ရန် ရည်ရွယ်ခြင်းဖြစ်သည်။ ကားပြင်ပလေအိတ်စနစ်ကို ပထမဆုံး စတင်တီထွင်သည့် Brand သည် Volvo ဖြစ်ကာ 2012 Volvo V 40  Model တွင် မိတ်ဆက်ထည့်သွင်းခြင်းဖြစ်ကာ ယာဉ်၏ အရှိန်နှုန်း ( 20 to 50  km / h ) အတွင်း  စနစ်သည် အလုပ်လုပ်သည့် ပုံစံဖြစ်သည်။ External Airbag System သည် လမ်းသွားလမ်းလာများအတွက် အဓိကဖြစ်သော်လည်း ယာဉ်ထိမ်းမှောက်ပါက ထိခိုက်မှုကို လျှော့ချစေနိုင်ရန် Develop ပြုလုပ်ထားသည့် System အား ZF မှ 2019 တွင် မိတ်ဆက်ပြသခဲ့သည်။ External Airbag တွင် ဓာတ်ငွေ့ ပမာဏ ( ၂၈၀ လီတာမှ လီတာ ၄၀၀ ) အထိပါဝင်မည်ဖြစ်ကာ ဘေးဖက်မှ ထိခိုက်စေမှုများ အား အဓိက ကာကွယ်မှုပေးခြင်းဖြစ်ပါသည်။