Porsche သည် အရွယ်ကြီးမားပြီး ရှည်လျားသည့် မှန်အမိုးပါဝင်သည့် Taycon Cross Turismo EV Wagon အား မိတ်ဆက်လိုက်သည်။ ၎င်းတွင် Sedan တစင်း၏ အရည်အသွေးများ ပေါင်းစပ်ပါဝင်သည့်အပြင် စွယ်စုံသုံးနိုင်သည့် Off-Road Design Package ကိုလည်း ထည့်သွင်း ထားပါသည်။ ကား၏ ဒီဇိုင်းသည် လှပသည့်ပုံစံရှိကာ SUV ကဲ့သို့ အခင်းအကျင်းများနှင့် Body Kit တို့ကိုလည်း ရနိုင်ပါသည်။ ကားအရှေ့နှင့်အနောက်ဖက်ဒီဇိုင်းတို့သည် Update Design များဖြစ်ကာ အနောက်ဖက်ဒီဇိုင်းနှင့် Wiper တို့သည် ယခင် Model ထက် ပို၍လှပပါသည်။ Stability Control နှင့် Torque Management System တို့ကိုလည်း အဆင့်မြှင့်တင်ထားသည့်အပြင် လမ်းကြမ်းများ အတွက် ကိုက်ညီစေသည့် အခင်းအကျင်းပါဝင်သော New Cairavel Model ကိုလည်း ထည့်သွင်းပေး ထားပါသည်။ Taycan Cross Turismo EV Wagon တွင် Air Suspension နှင့် AWD System တို့အား လျှပ်စစ်မော်တာတစုံနှင့် ပေါင်းစပ်ထည့်သွင်းထားသည်။ ၎င်းတွင် ( Base / 4 S / Turbo / Turbo S ) ဟူ၍ Trim Level များခွဲခြားထားသည်။ ၎င်းတွင် ( 375 hp output ) နှင့် Launch Control တို့ ပါဝင်ပြီး စွမ်းဆောင်ရည်အနေဖြင့် 0 to 60 mph အား ( 4.8 Seconds ) ဖြင့် ရောက်ရှိနိုင်ပြီး Top Speed သည် ( 136 mph ) ရှိပါသည်။ ၎င်းတွင် Standard Battery အပြင် Performance Battery Plus ကိုလည်း ရနိုင်ပါသည်။ တန်ဖိုးကြီးသည့် Glass Roof ကို Standard ထည့်သွင်းထားကာ Cargo Space အနေဖြင့် (15.7 Cubic Feet ) အကျယ်လည်း ပါရှိပါသည်။ 2021 Taycan Cross Turismo တွင် Adaptive Cruise Control ၊ Active Lane-Keep ၊ HUD ၊ Burmester Sound System တို့လည်း ပါဝင်ပါမည်။ ၎င်းအား အမေရိကန်ဈေးကွက်သို့ ယခုနှစ်နွေရာသီတွင် စတင်ရောင်းချပါမည်။