ပြီးခဲ့တဲ့ ဧပြီလ (၂၂) ရက်နေ့မှာ Changan Automobile မှ အခမ်းအနားတစ်ခု ပြုလုပ်ခဲ့ပြီး နောက်ဆုံးပေါ်မော်ဒယ် ကားတစ်စီးကို စတင်ပွဲဦးထွက်ပြသခဲ့ပါတယ်။
ထိုကားအမျိုးအစားကို “Changan Lumin” ဟူ၍ အမည်ပေးခဲ့ပြီး ထူးခြားပြီး ချစ်စရာကောင်းတဲ့ အသွင်သဏ္ဍာန်ကြောင့် အားလုံးရဲ့စိတ်ဝင်စားမှုကို တစ်ပြိုင်နက်ရရှိခဲ့ပါသေးတယ်။ ဒီကားဟာ Changan ရဲ့ ပထမဦးဆုံးသော Pure Electric Platform of Changan EAP0 အပေါ်အခြေခံပြီးထုတ်လုပ်တဲ့ လျှပ်စစ်ကားဖြစ်လာခဲ့ပါပြီ။
စတင်ကြေညာလိုက်တာနှင့်တစ်ပြိုင်နက် လျှပ်စစ်မီနီကားစျေးကွက်မှာ ချက်ချင်းနေရာရခဲ့ပြီး 115km, 210 km, 301 km ဟူ၍ ဘက်ထရီဗားရှင်း (3) မျိုးဖြင့် ထုတ်လုပ်ထားပါတယ်။
ယခု မီနီကားလေးက အချိန် (၃)နှစ် (သို့မဟုတ်) 120,000-km အထိ တရားဝင် အာမခံချက်ပေးထားမယ့်အပြင် ကားရဲ့ လျှပ်စစ်ထိန်းချုပ်မှုစနစ်ဟာလည်း (၈)နှစ်အထိ Warranty ပေးထားပါတယ်။
အပြင်ပိုင်းဒီဇိုင်းကတော့ ချစ်စရာကောင်းတဲ့ အသွင်သဏ္ဍာန်ရှိပြီး ဖန်စီဖြစ်တဲ့ အဖြူ၊ ရေညှိစိမ်း၊ အပြာ၊ ခဲ၊ ချယ်ရီပန်းရောင်၊ အစိမ်း(Dew)၊ အဝါနု အစရှိတဲ့ အရောင်(၇) မျိုးအထိ ထုတ်လုပ်ထားတာကို တွေ့ရှိရပါတယ်။
ကားရဲ့အရွယ်အစားကတော့ 3270 x 1700 x 1545mm အသီးသီးရှိပြီး Lumin ရဲ့ ကားဘီးတွေဟာ ၁၄ လက်မသာရှိပါတယ်။ ကားကိုယ်ထည်မှာ တံခါးပေါက် ဘယ်၊ညာနှစ်ပေါက်သာရှိနေပေမယ့် အတွင်းပိုင်းမှာ ထိုင်ခုံ (၄)ခုံ ပါဝင်နေတာက သူ့ရဲ့ထူးခြားချက် တစ်ခုပါပဲ။
လျှပ်စစ်ကားဖြစ်တဲ့အတွက် AC အမျိုးအစား Charging Port ကတော့ ကားကိုယ်ထည်ရဲ့ ဘယ်ဘက်မှာ ပါဝင်ပါတယ်။ ဒါ့အပြင် 30 kW (41 hp) ရှိတဲ့ လျှပ်စစ်မော်တာတစ်ခုပါဝင်ပြီး နောက်ပိုင်းမှာ 35 kW (48 hp) အထိ ထည့်သွင်းသွားမယ်လို့ ကြေညာထားပါတယ်။
Changan အနေနဲ့ ၂၀၂၅ မှာ Lumin အစီးရေပေါင်း ၄သန်းအထိ ရောင်းချသွားနိုင်တယ်လို့ ခန့်မှန်းထားပြီး ဒီနှစ်ကုန်ပိုင်းမှ စတင်တာ အော်ဒါတင်ရောင်းချသွားမှာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ် ခင်ဗျာ။


