Unicode version….

ကမ္ဘာ့ကားထုတ်လုပ်ရေး လုပ်ငန်းတွေထဲမှာ တန် ဖိုးအမြင့်ဆုံး ကားတွေကိုသာ ထုတ်လုပ်ရောင်းချခဲ့တဲ့ Rolls-Royce ကားကုမ္ပဏီက အစဉ်တစိုက်အားပေးခဲ့တဲ့ အဆင့်မြင့် အသိုင်းအဝန်းက Customers တွေ အတွက် အရုဏ်ဦးမှာပေါ်ထွန်းလာမယ့် နေဝန်းနီကြီးလို ပြီးပြည့်စုံ တဲ့ အလှတရားတွေပေါင်းစုနေတဲ့ 2017 Rolls-Royce Dawn Super-Luxury Car ကို မိတ်ဆက်ပေးခဲ့ပါတယ်။ ဗြိတိန်နိုင်ငံရဲ့ Brand Modern Line မှာ Model No.4 ဖြစ်ပြီး အမိုးဖွင့်စီးနိုင်တဲ့ Convertible အမျိုးအစားကား ဖြစ်ပါတယ်။ ဒီအချက်ကတော့ တစ်ခြား Rolls Royce ကားတွေနဲ့ မတူတဲ့ အားသာချက်ပါပဲ။ ကားရဲ့ ကိုယ်ထည် အရှည်က (၁၇) ပေ ရှိပြီး တည်ဆောက်ထားပုံက ထူးကဲ တဲ့သွင်ပြင်လက္ခဏာ မျိုးဖြစ်ပါတယ်။ တောက်ပတဲ့ အရောင် အဆင်းတွေက ဝယ်ယူသူတွေရဲ့ အမြင်အာရုံကို စွဲဆောင်ဖမ်းစားနိုင်စွမ်း ရှိပါတယ်။ လေးထောင့်ကျကျ ပုံဖော်ထားတဲ့ Grille ရဲ့ အပေါ်ဖက်ပိုင်းမှာတော့ Rolls-Royce ကားအမှတ်တံဆိပ်ကို တည့်မတ်စွာ ထောင်ပြီး တပ်ဆင်ပေးထားပါတယ်။ ကားကိုယ်ထည်ပိုင်းမှာ လှပတဲ့ Stainless Stell တွေကို အသုံးပြုတပ်ဆင်ထားတဲ့ Door Handle, Polished Wheels, Exhausts နဲ့ ရှေ့နောက် ဘန်ပါတွေ ပါဝင်ပါတယ်။ ကားရဲ့ကိုယ်ထည် ပိုင်းမှာ Rolls-Royce ရဲ့ သစ်သားထည် အနုပညာမြောက် လက် ရာတွေနဲ့ မွမ်းမံဆင်ယင်ထားလို့ ထူးခြားသစ်လွင်တောက် ပနေတဲ့ အလှတရားတွေကို တွေ့မြင်ရပါလိမ့်မယ်။

ကားတံခါး တပ်ဆင်မှုကလည်း ဆန်းပြားပါတယ်။ တံခါးရဲ့ပတ္တာချိတ်ဆက်မှုကို နောက်ဖက်မှာ ပြုလုပ် ထားပြီး လုပ်ဆောင်ချက် အများအပြားကို ပြုလုပ် သွားနိုင်တဲ့ “coach doors” ကို တပ်ဆင်ထားတာပါ။ ရှည်လျားတဲ့ကားကိုယ်ထည်မှာ တံခါးဖွင့်ထားရင် တောင် ပံဖြန့်ထားတဲ့ လေယာဉ်ကိုယ်ထည် ဒီဇိုင်းမျိုး ဖန်တီး တည်ဆောက်ထားလို့ ဝေဟင်မှာပျံဝဲနေတဲ့ ငှက်တစ် ကောင်ရဲ့ လွတ်လပ်စွာ ပျော်ရွှင်ရတဲ့ ကြည်နှုးမှုမျိုးကို ခံစားရပါလိမ့်မယ်။ နောက်ထိုင်ခုံမှာ ထိုင်နေတဲ့ သူတွေ အတွက် ဝင်ရထွက်ရ လွယ်ကူအောင် ပြုလုပ်ပေးထား တာမို့လို့ Dawn ကားရဲ့ Luxury ဖြစ်စေ တဲ့ အချက် တွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ တံခါးကို ပြုလုပ် ရာမှာ ခိုင်မာပြီး တောင့်တင်းမှုရှိစေအောင် ပြုလုပ်ထား တာမို့လို့ ဘေးကင်းလုံခြုံမှုအတွက် စိတ်ချရစေမှာပါ။ (၄) ယောက်စီးကားဖြစ်ပြီး ယာဉ်မောင်းထိုင်ခုံကို အလှည့် အပြောင်း ပြုလုပ်နိုင်တဲ့ စနစ်မျိုး ပြုလုပ်ထားပါတယ်။ အတွင်းခန်းမှာ ထိုင်ခုံအပါအဝင် equipments အားလုံးကို စစ်မှန်တဲ့ သစ်သားထည်၊ ရေစိုခံသားရေနဲ့ စတီးလ်တွေ ကို ပေါင်းစပ်လုပ်ဆောင်ထားတာပါ။ ကားတံခါး အတွင်း ဖက်မှာ ထီး ထည့်သိမ်းလို့ရအောင် ပြုလုပ် ပေးထား ပါတယ်။

Dawn ရဲ့ အမိုးတည်ဆောက်ထားပုံက အဆင့်မြင့် နည်းပညာတွေကို အသုံးပြုပြီး အသံဆူညံမှုကို လျော့ချ ထားပါတယ်။ ခေါက်သိမ်းလို့ ရတဲ့ အမိုးကို “ fabric roof” အဖြစ် ပြုလုပ်ပေးထားပြီး ပါဝါနဲ့ အဖွင့် အပိတ်လုပ်နိုင်ပါ တယ်။ Sensors တွေကို အသုံးပြုပြီး Operate လုပ်နို်င် မှာပါ။ နေပူဆာလှုံချင်တယ်ဆိုရင် အမိုးကိုကားရဲ့ နောက် ဖက်အဖုံးထဲကို ခေါက်သိမ်းထားနိုင်ပါတယ်။ အဖုံးမှာ Layers ခြောက်ခုပါဝင်ပြီး စနစ်တစ်ခုလုံးကို လျှပ်စစ်မစီး နိုင်တဲ့ ပစ္စည်းတွေနဲ့ ကာကွယ်ပေးထားပါတယ်။ တစ်နာရီ (၃၁) မိုင် အမြန်နှုန်းနဲ့ မောင်းနေစဉ်မှာ အမိုးကို ခေါက် သိမ်းမယ်ဆိုရင် စက္ကန့် နှစ်ဆယ် အတွင်းမှာ သိမ်းပြီးသား ဖြစ်ပါလိမ့်မယ်။ ဒီလုပ်ငန်းစဉ်တစ်ခုလုံးကို လုပ်ဆောင်ရာ မှာ အသံဆူညံမှုလုံးဝမဖြစ်ပေါ်စေဖို့ ဦးတည်ချက်ထားခဲ့ပါ တယ်။ ကားပေါ်မှာ လိုက်ပါစီးနင်းသူတွေကို သက်သောင့် သက်သာ ဖြစ်စေဖို့ ဦးစားပေး စဉ်စားခဲ့တဲ့ Rolls-Royce ရဲ့ စေတနာဖြစ်ပြီး အင်ဂျင်နီယာတွေကတော့ ဒီ Process ကို “ Silent Ballet” လို့ အမည် ပေးခဲ့ပါတယ်။

ကားရဲ့ အတွင်းခန်းထဲမှာတော့ Bespoke Audio System ကို အသုံးပြုထားပါတယ်။ အသံထွက်စနစ် ကောင်းမွန်တဲ့ စပီကာ (၁၆) လုံး ကို တပ်ဆင်ပေးထားပြီး Bass စပီကာ နှစ်လုံးကိုတော့ ကားရဲ့နောက်ခန်းမှာ တပ် ဆင်ထားပါတယ်။ ဒီစနစ်မှာ Highly Sensitive Microphone တွေကို တပ်ဆင်ပေးထားလို့ Monitor မှာ ထွက်ပေါ်နေတဲ့ အသံတွေကို ပြင်ပ ဆူညံသံတွေက လွှမ်း သွားခဲ့တာမျိုး မဖြစ်စေနိုင်ပါဘူး။

Suspension စနစ်ကိုလည်း အမိုးဖွင့်ကားတွေနဲ့ လိုက်ဖက်ညီမယ့် ဒီဇိုင်းမျိုးကို လုပ်ဆောင်ပေးထား ပါ တယ်။ ကားကိုယ်ထည်ရဲ့ တောင့်တင်းခိုင်မာမှုနဲ့ ထု ထည် ကြီးမားတဲ့ နေရာတွေကို လှုပ်ခါမှုမရှိစေဖို့ အထူး ဦးစားပေးထားလို့ လေထဲမှာ မှော်အစွမ်းနဲ့ ပျံနိုင်တဲ့ ကော် ဇောပျံကို စီးသွားရသလိုမျိုး ငြိမ့်ညောင်းမှုရှိစေပါလိမ့်မယ်။ ဒီဇိုင်းအသစ်နဲ့ ပြုလုပ်ထားတဲ့ Air Springs နဲ့ Active Roll bars တွေကို တပ်ဆင်ပေးထားလို့ ပေါ့ပါးလျှင်မြန်တဲ့ Super-luxury ကားရဲ့ စွမ်းဆောင်ရည်ကို ရရှိစေမှာပါ။

Rolls-Royce Dawn ကားမှာ twin turbo 6.6 liter V 12 အင်ဂျင်ကို တပ်ဆင်ပေးထားပြီး မြင်းကောင် ရေ 563 hp ထွက်ရှိမှာဖြစ်ပါတယ်။ အင်ဂျင်ရုန်းအားက တော့ 575 lb ft ပါ။ Dynamic Accelerator Pedal ကို အသုံးပြုထားလို့ Throttle ရဲ့ တုန့်ပြန်လှုပ်ရှားမှုကို (၃ဝ) ရာခိုင်နှုန်း မြင့်တက်စေပါလိမ့်မယ်။ စတီယာရင် စနစ်မှာ အားစိုက်ဖို့ မလိုပဲ တိကျစွာ အလှည့်အပြောင်းလုပ်ပေး နိုင်လို့ ဘေးကင်းလုံခြံုရေးစနစ် အတွက် အထောက်အကူ ပြုပေးနိုင်ပါတယ်။ High Speeds နဲ့ မောင်းနေရင်တောင် အပေါ်အောက်ဆွဲလှည့်ရာမှာ တိကျသေချာပြီး လျင်မြန် စွာ လုပ်ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်။ ဒီလို ကောင်းမွန် တဲ့ ရလဒ်တွေရှိနေလို့ ပေါ့ပါးပြီး ဆီစားနှုန်းသက်သာတဲ့ 2+2 convertibles ကားအဖြစ် စျေးကွက်အတွင်းကို မျက်နှာပန်းလှလှနဲ့ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

ဘီးချော်မှုကို ကာကွယ်ပေးနိုင်တဲ့ လက်မ ၂ဝ Runflat တာယာကို အသုံးပြုထားပါတယ်။ ဘီးရဲ့ အရွယ် အစားက ၂၁ လက်မရှိပြီး Spoke rims ၁ဝ ချောင်းကို တပ်ဆင်ပေးထားပါတယ်။ Runflat တာယာကို အသုံးပြု ထားလို့ ဘီးအပိုနဲ့ Jack တွေကို ကားပေါ်မှာ အပိုဆောင် ထားစရာမလိုတဲ့ အတွက် ပစ္စည်းတင်မယ့် အခန်းရဲ့ နေရာက ပိုမိုကျယ်ဝန်းလာပါတယ်။

သတင်းအချက်အလက်တွေကို ရယူဖို့ နောက်ဆုံး ပေါ် Multimedia Interface နဲ့ Navigation system ကို Display လုပ်ဆောင်သွားနိုင်မယ့် ၁ဝ.၂၅ လက်မ အရွယ် အစားရှိတဲ့ High-definition screen ကို တပ်ဆင်ပေး ထားပါတယ်။

Automatic Cruise Control System က အကွာ အဝေးနဲ့ Speed ကို ပုံသေဖြစ်စေဖို့ ထိန်းညှိပေးထားနိုင် ပါလိမ့်မယ်။ ယာဉ်ကြောကျပ်တည်းတဲ့ မြို့တွင်းလို နေရာ မျိုးမှာ မောင်းမယ်ဆိုရင် Monitor မှာ ဖော်ပြပေးထားတဲ့ လမ်းကြောင်း အခြေအနေကို ကြည့်ပြီး ယုံကြည်စိတ်ချစွာ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုမောင်းဖို့ Traffic patterns ကို ပြောင်းလဲရမှာပါ။ လမ်းအသစ်တစ်လမ်းကို ဝင်ရောက်ချိန်မှာ ယာဉ်ကြောကျပ်တည်းမှု အနေအထား ကို သိရှိနိုင်ဖို့နဲ့ လမ်းကြောင်းသွေဖယ်ခြင်း မဖြစ်အောင် ကာကွယ်သွားဖို့ အတွက် ဖြစ်ပါတယ်။

Transmission စနစ်ကိို လုပ်ဆောင်ဖို့ Rolls-Royce ရဲ့ Dawn ကားမှာ Satellite Aided Transmission နည်းပညာကို အသုံးပြုသွားမှာပါ။ ရရှိ လာတဲ့ GPS data တွေကို ကြည့်ပြီး ဂီယာ အလှည့်အပြောင်းကို လုပ်ဆောင် ရာမှာ ယာဉ်မောင်းက လက်ဦးမှုရယူသွားနိုင်ပါလိမ့်မယ်။ 8-Speed ZF gearbox ကို တပ်ဆင်ပေးထားလို့ အင်ဂျင် ပါဝါနဲ့ လိုက်ဖက် ညီမှာ ဖြစ်ပြီး ယာဉ်မောင်းက အားစိုက်စရာ မလိုတဲ့ပါဝါ စနစ်ကို အသုံးပြုသွားနိုင်မှာဖြစ်ပါတယ်။

LED Lighting Technology ကို အသုံးပြုထားလို့ ထောင့်ချိုးကွေ့တွေမှာ မီးအလင်းရောင်ကို ရှေ့ဘီးရဲ့ အစွန်ဆုံးနေရာအထိရောက်အောင် လုပ်ဆောင်ပေးနိုင်လို့ ယာဉ်မောင်းက ညဘက်အမှောင်မှာ ဘေးကင်း လုံခြံုမှု အတွက် စိတ်အနှောင့်အယှက် ဖြစ်စရာမလိုပဲ ယာဉ်ကို မောင်းနှင်နိုင်ပါလိမ့်မယ်။ နေ့ဘက် အလင်းရောင်မှာ အသုံးပြုနိုင်တဲ့ Day-time running bar frames ကို ရှေ့မီးကြီးမှာ တပ်ဆင်ပေးထားပြီး တစ်ချိန်တည်းမှာ အသုံးပြုနိုင်လို့ ဘေးကင်းလုံခြံုမှု Safety အတွက် စိတ်ချရစေပါတယ်။ ညဘက် ယာဉ်မောင်းနေ စဉ်မှာ Safety အတွက် Head-up display စနစ်နဲ့ အပူချိန်ကို ထောက်လှမ်းပေးနိုင်တဲ့ Heat detection system တို့ကို အသုံးပြုသွားနိုင်ပါလိမ့်မယ်။ လူနဲ့တိရစ္ဆာန်တွေရဲ့ အပူချိန် တွေကို ကွဲပြားစွာထောက်လှမ်းပေးမှာ ဖြစ်ပြီး အန္တာရာယ် တွေကို ယာဉ်မောင်း သိရှိနိုင်အောင် အသံစနစ် နဲ့ သတိပေးသွားမှာ ဖြစ်ပါတယ်။

ကမ္ဘာ့အကောင်းဆုံး Convertible ကားအဖြစ် နေရာ ယူလာနိုင်တဲ့ 2017 Rolls-Royce Dawn ကားရဲ့ Specs: ကိုစိတ်ဝင်စားတဲ့သူတွေ လေ့လာနိုင်ဖို့ ဖော်ပြပေး လိုက်ပါတယ်။

Specifications
Engine Twin Turbo V-12
Displacement : 6.6 L
Fuel System : Gasoline Direct Injection
Horsepower 563 hp@ 5250 RPM
Torque 575 lb ft @ 1500 RPM
Front Tire Size : P255/45YR20
Rear Tire Size : P285/40YR20

EPA Fuel Economy: 19 MPG Hwy
EPA Fuel Economy 12 MPG City

Fuel Tank Capacity, 21.7 gal
4-Corner Auto-Leveling Suspension
Front And Rear Anti-Roll Bars

Zawgyi version..

ကမၻာ႔ကားထုတ္လုပ္ေရး လုပ္ငန္းေတြထဲမွာ တန္ ဖိုးအျမင့္ဆံုး ကားေတြကိုသာ ထုတ္လုပ္ေရာင္းခ်ခဲ့တဲ့ Rolls-Royce ကားကုမၸဏီက အစဥ္တစိုက္အားေပးခဲ့တဲ့ အဆင့္ျမင့္ အသိုင္းအဝန္းက Customers ေတြ အတြက္ အရုဏ္ဦးမွာေပၚထြန္းလာမယ့္ ေနဝန္းနီႀကီးလုိ ၿပီးျပည့္စံု တဲ့ အလွတရားေတြေပါင္းစုေနတဲ့ 2017 Rolls-Royce Dawn Super-Luxury Car ကို မိတ္ဆက္ေပးခဲ့ပါတယ္။ ၿဗိတိန္ႏိုင္ငံရဲ႕ Brand Modern Line မွာ Model No.4 ျဖစ္ၿပီး အမိုးဖြင့္စီးႏိုင္တဲ့ Convertible အမ်ဳိးအစားကား ျဖစ္ပါတယ္။ ဒီအခ်က္ကေတာ့ တစ္ျခား Rolls Royce ကားေတြနဲ႔ မတူတဲ့ အားသာခ်က္ပါပဲ။ ကားရဲ႕ ကိုယ္ထည္ အရွည္က (၁၇) ေပ ရွိၿပီး တည္ေဆာက္ထားပံုက ထူးကဲ တဲ့သြင္ျပင္လကၡဏာ မ်ဳိးျဖစ္ပါတယ္။ ေတာက္ပတဲ့ အေရာင္ အဆင္းေတြက ဝယ္ယူသူေတြရဲ႕ အျမင္အာရံုကို စဲြေဆာင္ဖမ္းစားႏိုင္စြမ္း ရွိပါတယ္။ ေလးေထာင့္က်က် ပံုေဖာ္ထားတဲ့ Grille ရဲ႕ အေပၚဖက္ပိုင္းမွာေတာ့ Rolls-Royce ကားအမွတ္တံဆိပ္ကို တည့္မတ္စြာ ေထာင္ၿပီး တပ္ဆင္ေပးထားပါတယ္။ ကားကိုယ္ထည္ပိုင္းမွာ လွပတဲ့ Stainless Stell ေတြကို အသံုးျပဳတပ္ဆင္ထားတဲ့ Door Handle, Polished Wheels, Exhausts နဲ႔ ေရွ႕ေနာက္ ဘန္ပါေတြ ပါဝင္ပါတယ္။ ကားရဲ႕ကိုယ္ထည္ ပိုင္းမွာ Rolls-Royce ရဲ႕ သစ္သားထည္ အႏုပညာေျမာက္ လက္  ရာေတြနဲ႔ မြမ္းမံဆင္ယင္ထားလို႔ ထူးျခားသစ္လြင္ေတာက္ ပေနတဲ့ အလွတရားေတြကို ေတြ႕ျမင္ရပါလိမ့္မယ္။

ကားတံခါး တပ္ဆင္မႈကလည္း ဆန္းျပားပါတယ္။ တံခါးရဲ႕ပတၱာခ်ိတ္ဆက္မႈကို ေနာက္ဖက္မွာ ျပဳလုပ္ ထားၿပီး လုပ္ေဆာင္ခ်က္ အမ်ားအျပားကို ျပဳလုပ္ သြားႏုိင္တဲ့ “coach doors” ကို တပ္ဆင္ထားတာပါ။ ရွည္လ်ားတဲ့ကားကိုယ္ထည္မွာ တံခါးဖြင့္ထားရင္ ေတာင္ ပံျဖန္႔ထားတဲ့ ေလယာဥ္ကိုယ္ထည္ ဒီဇိုင္းမ်ဳိး ဖန္တီး တည္ေဆာက္ထားလို႔ ေဝဟင္မွာပံ်ဝဲေနတဲ့ ငွက္တစ္ ေကာင္ရဲ႕ လြတ္လပ္စြာ ေပ်ာ္ရႊင္ရတဲ့ ၾကည္ႏႈးမႈမ်ဳိးကို ခံစားရပါလိမ့္မယ္။ ေနာက္ထုိင္ခံုမွာ ထိုင္ေနတဲ့ သူေတြ အတြက္ ဝင္ရထြက္ရ လြယ္ကူေအာင္ ျပဳလုပ္ေပးထား တာမို႔လုိ႔ Dawn ကားရဲ႕ Luxury ျဖစ္ေစ တဲ့ အခ်က္ ေတြထဲက တစ္ခုအပါအဝင္ျဖစ္ပါတယ္။ တံခါးကို ျပဳလုပ္ ရာမွာ ခုိင္မာၿပီး ေတာင့္တင္းမႈရွိေစေအာင္ ျပဳလုပ္ထား တာမို႔လုိ႔ ေဘးကင္းလံုၿခံဳမႈအတြက္ စိတ္ခ်ရေစမွာပါ။ (၄) ေယာက္စီးကားျဖစ္ၿပီး ယာဥ္ေမာင္းထိုင္ခံုကို အလွည့္ အေျပာင္း ျပဳလုပ္ႏိုင္တဲ့ စနစ္မ်ဳိး ျပဳလုပ္ထားပါတယ္။ အတြင္းခန္းမွာ ထုိင္ခံုအပါအဝင္ equipments အားလံုးကို စစ္မွန္တဲ့ သစ္သားထည္၊ ေရစိုခံသားေရနဲ႔ စတီးလ္ေတြ ကို ေပါင္းစပ္လုပ္ေဆာင္ထားတာပါ။ ကားတံခါး အတြင္း ဖက္မွာ ထီး ထည့္သိမ္းလို႔ရေအာင္ ျပဳလုပ္ ေပးထား ပါတယ္။

Dawn ရဲ႕ အမုိးတည္ေဆာက္ထားပံုက အဆင့္ျမင့္ နည္းပညာေတြကို အသံုးျပဳၿပီး အသံဆူညံမႈကို ေလ်ာ့ခ် ထားပါတယ္။ ေခါက္သိမ္းလို႔ ရတဲ့ အမိုးကို “ fabric roof” အျဖစ္ ျပဳလုပ္ေပးထားၿပီး ပါဝါနဲ႔ အဖြင့္ အပိတ္လုပ္ႏိုင္ပါ တယ္။ Sensors ေတြကို အသံုးျပဳၿပီး Operate လုပ္ႏို္င္ မွာပါ။ ေနပူဆာလႈံခ်င္တယ္ဆိုရင္ အမိုးကိုကားရဲ႕ ေနာက္ ဖက္အဖံုးထဲကို ေခါက္သိမ္းထားႏိုင္ပါတယ္။ အဖံုးမွာ Layers ေျခာက္ခုပါဝင္ၿပီး စနစ္တစ္ခုလံုးကို လွ်ပ္စစ္မစီး ႏိုင္တဲ့ ပစၥည္းေတြနဲ႔ ကာကြယ္ေပးထားပါတယ္။ တစ္နာရီ (၃၁) မိုင္ အျမန္ႏႈန္းနဲ႔ ေမာင္းေနစဥ္မွာ အမိုးကို ေခါက္ သိမ္းမယ္ဆိုရင္ စကၠန္႔ ႏွစ္ဆယ္ အတြင္းမွာ သိမ္းၿပီးသား ျဖစ္ပါလိမ့္မယ္။ ဒီလုပ္ငန္းစဥ္တစ္ခုလံုးကို လုပ္ေဆာင္ရာ မွာ အသံဆူညံမႈလံုးဝမျဖစ္ေပၚေစဖို႔ ဦးတည္ခ်က္ထားခဲ့ပါ တယ္။ ကားေပၚမွာ လိုက္ပါစီးနင္းသူေတြကို သက္ေသာင့္ သက္သာ ျဖစ္ေစဖို႔ ဦးစားေပး စဥ္စားခဲ့တဲ့ Rolls-Royce ရဲ႕ ေစတနာျဖစ္ၿပီး အင္ဂ်င္နီယာေတြကေတာ့ ဒီ Process ကို “ Silent Ballet” လုိ႔ အမည္ ေပးခဲ့ပါတယ္။

ကားရဲ႕ အတြင္းခန္းထဲမွာေတာ့ Bespoke Audio System ကို အသံုးျပဳထားပါတယ္။ အသံထြက္စနစ္ ေကာင္းမြန္တဲ့ စပီကာ (၁၆) လံုး ကို တပ္ဆင္ေပးထားၿပီး Bass စပီကာ ႏွစ္လံုးကိုေတာ့ ကားရဲ႕ေနာက္ခန္းမွာ တပ္ ဆင္ထားပါတယ္။ ဒီစနစ္မွာ Highly Sensitive Microphone ေတြကို တပ္ဆင္ေပးထားလို႔ Monitor မွာ ထြက္ေပၚေနတဲ့ အသံေတြကို ျပင္ပ ဆူညံသံေတြက လႊမ္း သြားခဲ့တာမ်ဳိး မျဖစ္ေစႏိုင္ပါဘူး။

Suspension စနစ္ကိုလည္း အမိုးဖြင့္ကားေတြနဲ႔ လိုက္ဖက္ညီမယ့္ ဒီဇိုင္းမ်ဳိးကို လုပ္ေဆာင္ေပးထား ပါ တယ္။ ကားကိုယ္ထည္ရဲ႕ ေတာင့္တင္းခိုင္မာမႈနဲ႔ ထု ထည္ ႀကီးမားတဲ့ ေနရာေတြကို လႈပ္ခါမႈမရွိေစဖို႔ အထူး  ဦးစားေပးထားလို႔ ေလထဲမွာ ေမွာ္အစြမ္းနဲ႔ ပ်ံႏိုင္တဲ့ ေကာ္ ေဇာပ်ံကို စီးသြားရသလိုမ်ဳိး ၿငိမ့္ေညာင္းမႈရွိေစပါလိမ့္မယ္။ ဒီဇိုင္းအသစ္နဲ႔ ျပဳလုပ္ထားတဲ့ Air Springs နဲ႔ Active Roll bars ေတြကို တပ္ဆင္ေပးထားလို႔ ေပါ့ပါးလွ်င္ျမန္တဲ့ Super-luxury ကားရဲ႕ စြမ္းေဆာင္ရည္ကို ရရွိေစမွာပါ။

Rolls-Royce Dawn ကားမွာ twin turbo 6.6 liter V 12 အင္ဂ်င္ကို တပ္ဆင္ေပးထားၿပီး ျမင္းေကာင္ ေရ 563 hp ထြက္ရွိမွာျဖစ္ပါတယ္။ အင္ဂ်င္ရုန္းအားက ေတာ့ 575 lb ft ပါ။ Dynamic Accelerator Pedal ကုိ အသံုးျပဳထားလို႔ Throttle ရဲ႕ တုန္႔ျပန္လႈပ္ရွားမႈကို (၃ဝ) ရာခိုင္ႏႈန္း ျမင့္တက္ေစပါလိမ့္မယ္။ စတီယာရင္ စနစ္မွာ အားစိုက္ဖုိ႔ မလိုပဲ တိက်စြာ အလွည့္အေျပာင္းလုပ္ေပး ႏိုင္လို႔ ေဘးကင္းလံုၿခံဳေရးစနစ္ အတြက္ အေထာက္အကူ ျပဳေပးႏိုင္ပါတယ္။ High Speeds နဲ႔ ေမာင္းေနရင္ေတာင္ အေပၚေအာက္ဆဲြလွည့္ရာမွာ တိက်ေသခ်ာၿပီး လ်င္ျမန္ စြာ လုပ္ေဆာင္သြားႏုိင္မွာ ျဖစ္ပါတယ္။ ဒီလုိ ေကာင္းမြန္ တဲ့ ရလဒ္ေတြရွိေနလို႔ ေပါ့ပါးၿပီး ဆီစားႏႈန္းသက္သာတဲ့ 2+2 convertibles ကားအျဖစ္ ေစ်းကြက္အတြင္းကို မ်က္ႏွာပန္းလွလွနဲ႔ ပို႔ေဆာင္ေပးႏိုင္ခဲ့ပါတယ္။

ဘီးေခ်ာ္မႈကို ကာကြယ္ေပးႏိုင္တဲ့ လက္မ ၂ဝ Runflat တာယာကို အသံုးျပဳထားပါတယ္။ ဘီးရဲ႕ အရြယ္ အစားက ၂၁ လက္မရွိၿပီး Spoke rims ၁ဝ ေခ်ာင္းကို တပ္ဆင္ေပးထားပါတယ္။ Runflat တာယာကို အသံုးျပဳ ထားလို႔ ဘီးအပိုနဲ႔ Jack ေတြကို ကားေပၚမွာ အပိုေဆာင္ ထားစရာမလိုတဲ့ အတြက္ ပစၥည္းတင္မယ့္ အခန္းရဲ႕ ေနရာက ပိုမိုက်ယ္ဝန္းလာပါတယ္။

သတင္းအခ်က္အလက္ေတြကို ရယူဖုိ႔ ေနာက္ဆံုး ေပၚ Multimedia Interface နဲ႔ Navigation system ကို Display လုပ္ေဆာင္သြားႏုိင္မယ့္ ၁ဝ.၂၅ လက္မ အရြယ္ အစားရွိတဲ့ High-definition screen ကို တပ္ဆင္ေပး ထားပါတယ္။

Automatic Cruise Control System က အကြာ အေဝးနဲ႔ Speed ကို ပံုေသျဖစ္ေစဖုိ႔ ထိန္းညွိေပးထားႏိုင္ ပါလိမ့္မယ္။ ယာဥ္ေၾကာက်ပ္တည္းတဲ့ ၿမိဳ႕တြင္းလို ေနရာ မ်ဳိးမွာ ေမာင္းမယ္ဆုိရင္ Monitor မွာ ေဖာ္ျပေပးထားတဲ့ လမ္းေၾကာင္း အေျခအေနကို ၾကည့္ၿပီး ယံုၾကည္စိတ္ခ်စြာ ေမာင္းႏွင္ႏိုင္မွာ ျဖစ္ပါတယ္။ ဒီလုိေမာင္းဖုိ႔ Traffic patterns ကို ေျပာင္းလဲရမွာပါ။ လမ္းအသစ္တစ္လမ္းကို ဝင္ေရာက္ခ်ိန္မွာ ယာဥ္ေၾကာက်ပ္တည္းမႈ အေနအထား ကို သိရွိႏိုင္ဖို႔နဲ႔ လမ္းေၾကာင္းေသြဖယ္ျခင္း မျဖစ္ေအာင္ ကာကြယ္သြားဖို႔ အတြက္ ျဖစ္ပါတယ္။

Transmission စနစ္ကိုိ လုပ္ေဆာင္ဖုိ႔ Rolls-Royce ရဲ႕ Dawn ကားမွာ Satellite Aided Transmission နည္းပညာကို အသံုးျပဳသြားမွာပါ။ ရရွိ လာတဲ့ GPS data ေတြကို ၾကည့္ၿပီး ဂီယာ အလွည့္အေျပာင္းကို လုပ္ေဆာင္ ရာမွာ ယာဥ္ေမာင္းက လက္ဦးမႈရယူသြားႏုိင္ပါလိမ့္မယ္။ 8-Speed ZF gearbox ကို တပ္ဆင္ေပးထားလို႔ အင္ဂ်င္ ပါဝါနဲ႔ လိုက္ဖက္ ညီမွာ ျဖစ္ၿပီး ယာဥ္ေမာင္းက အားစိုက္စရာ မလုိတဲ့ပါဝါ စနစ္ကို အသံုးျပဳသြားႏိုင္မွာျဖစ္ပါတယ္။

LED Lighting Technology ကို အသံုးျပဳထားလို႔ ေထာင့္ခ်ဳိးေကြ႕ေတြမွာ မီးအလင္းေရာင္ကို ေရွ႕ဘီးရဲ႕ အစြန္ဆံုးေနရာအထိေရာက္ေအာင္ လုပ္ေဆာင္ေပးႏိုင္လုိ႔ ယာဥ္ေမာင္းက ညဘက္အေမွာင္မွာ ေဘးကင္း လံုၿခံဳမႈ အတြက္ စိတ္အေႏွာင့္အယွက္ ျဖစ္စရာမလုိပဲ ယာဥ္ကို ေမာင္းႏွင္ႏိုင္ပါလိမ့္မယ္။ ေန႔ဘက္ အလင္းေရာင္မွာ အသံုးျပဳႏိုင္တဲ့ Day-time running bar frames ကို ေရွ႕မီးႀကီးမွာ တပ္ဆင္ေပးထားၿပီး တစ္ခ်ိန္တည္းမွာ အသံုးျပဳႏိုင္လုိ႔ ေဘးကင္းလံုၿခံဳမႈ Safety အတြက္ စိတ္ခ်ရေစပါတယ္။ ညဘက္ ယာဥ္ေမာင္းေန စဥ္မွာ Safety အတြက္ Head-up display စနစ္နဲ႔ အပူခ်ိန္ကို ေထာက္လွမ္းေပးႏိုင္တဲ့ Heat detection system တို႔ကို အသံုးျပဳသြားႏိုင္ပါလိမ့္မယ္။ လူနဲ႔တိရစာၦန္ေတြရဲ႕ အပူခ်ိန္ ေတြကို ကဲြျပားစြာေထာက္လွမ္းေပးမွာ ျဖစ္ၿပီး အႏၱာရာယ္ ေတြကို ယာဥ္ေမာင္း သိရွိႏိုင္ေအာင္ အသံစနစ္ နဲ႔ သတိေပးသြားမွာ ျဖစ္ပါတယ္။

ကမၻာ့အေကာင္းဆံုး Convertible ကားအျဖစ္ ေနရာ ယူလာႏိုင္တဲ့ 2017 Rolls-Royce Dawn ကားရဲ႕ Specs: ကိုစိတ္ဝင္စားတဲ့သူေတြ ေလ့လာႏိုင္ဖုိ႔ ေဖာ္ျပေပး လိုက္ပါတယ္။

Specifications

Engine Twin Turbo V-12
Displacement : 6.6 L
Fuel System : Gasoline Direct Injection
Horsepower 563 hp@ 5250 RPM
Torque 575 lb ft @ 1500 RPM
Front Tire Size : P255/45YR20
Rear Tire Size : P285/40YR20
EPA Fuel Economy: 19 MPG Hwy
EPA Fuel Economy 12 MPG City
Fuel Tank Capacity, 21.7 gal
4-Corner Auto-Leveling Suspension
Front And Rear Anti-Roll Bars