စက္ဘီးစီးဦးထုတ္ကို ပထမဆံုးအႀကိမ္ ကားႏွင့္Crash Test စမ္းသပ္ခဲ့တဲ့ Volvo

Zawgyi Version…..
ဆြီဒင္ကားထုတ္လုပ္ေရးကုမၸဏီ Volvo သည္ အားကစားဆုိင္ရာ ဦးထုတ္ႏွင့္ အဝတ္အစားေတြကို ထုတ္လုပ္တဲ့ POC ကုမၸဏီ ႏွင့္တဲြဖက္ကာ စက္ဘီးစီးဦးထုတ္ကို ပထမဆံုးအႀကိမ္ ကားႏွင့္ Crash Test စမ္းသပ္ခဲ့သည္။

အဆိုပါစမ္းသပ္မႈသည္ ႏုိင္ငံတကာတြင္ ပထမဆံုးအႀကိမ္ျဖစ္ၿပီး စက္ဘီးစီးသူမ်ားရဲ႕ လံုၿခံဳေရးကို ပိုမိုစိတ္ခ်ရေစရန္အတြက္ ထုတ္လုပ္ရန္ျဖစ္ေၾကာင္း Volvo က ထုတ္ျပန္ထားသည္။

ကားႏွင့္ စက္ဘီးမ်ား၏ မေတာ္တဆမႈျဖစ္ပြားမႈမ်ားတြင္ ဒဏ္ရာျပင္းထန္စြာရရိွမႈႏွင့္ ေသဆံုးမႈမ်ား ျဖစ္ေပၚလ်က္ရိွၿပီး ျပဳလုပ္ေနတဲ့ စမ္းသပ္မႈတြင္ စက္ဘီးဦးထုတ္ေတြကို အျမင့္ေနရာမ်ားမွ မတူညီတဲ့မ်က္ႏွာျပင္မ်ားအေပၚ ပစ္ခ်ျခင္းကို အဓိက စမ္းသပ္ခဲ့ၾကသည္။

ပထမဆံုးအႀကိမ္ျပဳလုပ္တဲ့ စက္ဘီးဦးထုတ္စမ္းသပ္မႈသည္ Volvo ၏ Crash testing ႏွင့္ လံုၿခံဳေရးစနစ္ကို အက်ိဳးျဖစ္ေစသလို POC ၏ ကားေမာင္းသူမ်ားႏွင့္ စက္ဘီးစီးသူမ်ားအတြက္ လံုျခံဳေရးအတြက္ ပိုမိုေကာင္းမြန္တဲ့ ဦးထုတ္မ်ား ထုတ္လုပ္ရန္ အေထာက္အကူျဖစ္ေစသည္။

Volvo သည္ ေမာ္ေတာ္ကားမ်ားတြင္ စက္ဘီးႏွင့္ ပတ္သတ္သည့္ လံုၿခံဳေရးစနစ္ျဖစ္သည့္ Cyclist-detection စနစ္ကို စတင္မိတ္ဆတ္ခဲ့သည့္ ကုမၸဏီျဖစ္ၿပီး အေရးေပၚဘရိတ္စနစ္၊ Pedestrain Detection၊ Large-animal Detection စနစ္မ်ားကိုလည္း ေနာက္ပိုင္းကားမ်ားတြင္ ထည့္သြင္းခဲ့ သည္။

အဆုိပါစနစ္မ်ားသည္ ကား၏ေရဒါႏွင့္ ကင္မရာတုိ႔ကို အသံုးျပဳကာ မေတာ္တဆမႈျဖစ္ႏိုင္တဲ့ စက္ဘီးမ်ားကို ေျခရာခံကာ ေမာင္းႏွင္သူကို သတိေပးၿပီး မျဖစ္မေနလိုအပ္ပါက ဘရိတ္အုပ္ကာ ရပ္တန္႔ပစ္ႏိုင္သည္။

Volvo သည္ အဆိုပါလံုၿခံဳေရးနစ္မ်ားကို ၂၀၁၃ ခုႏွစ္ထဲက ကမၻာ့အႏွံ႔ ထုတ္လုပ္ခဲ့သည့္ ကားမ်ားတြင္ စတင္ထည့္သြင္းခဲ့သည့္ ကုမၸဏီျဖစ္သည္။

Unicode Version…..
စက်ဘီးစီးဦးထုတ်ကို ပထမဆုံးအကြိမ် ကားနှင့်Crash Test စမ်းသပ်ခဲ့တဲ့ Volvo

ဆွီဒင်ကားထုတ်လုပ်ရေးကုမ္ပဏီ Volvo သည် အားကစားဆိုင်ရာ ဦးထုတ်နှင့် အဝတ်အစားတွေကို ထုတ်လုပ်တဲ့ POC ကုမ္ပဏီ နှင့်တွဲဖက်ကာ စက်ဘီးစီးဦးထုတ်ကို ပထမဆုံးအကြိမ် ကားနှင့် Crash Test စမ်းသပ်ခဲ့သည်။

အဆိုပါစမ်းသပ်မှုသည် နိုင်ငံတကာတွင် ပထမဆုံးအကြိမ်ဖြစ်ပြီး စက်ဘီးစီးသူများရဲ့ လုံခြုံရေးကို ပိုမိုစိတ်ချရစေရန်အတွက် ထုတ်လုပ်ရန်ဖြစ်ကြောင်း Volvo က ထုတ်ပြန်ထားသည်။

ကားနှင့် စက်ဘီးများ၏ မတော်တဆမှုဖြစ်ပွားမှုများတွင် ဒဏ်ရာပြင်းထန်စွာရရှိမှုနှင့် သေဆုံးမှုများ ဖြစ်ပေါ်လျက်ရှိပြီး ပြုလုပ်နေတဲ့ စမ်းသပ်မှုတွင် စက်ဘီးဦးထုတ်တွေကို အမြင့်နေရာများမှ မတူညီတဲ့မျက်နှာပြင်များအပေါ် ပစ်ချခြင်းကို အဓိက စမ်းသပ်ခဲ့ကြသည်။

ပထမဆုံးအကြိမ်ပြုလုပ်တဲ့ စက်ဘီးဦးထုတ်စမ်းသပ်မှုသည် Volvo ၏ Crash testing နှင့် လုံခြုံရေးစနစ်ကို အကျိုးဖြစ်စေသလို POC ၏ ကားမောင်းသူများနှင့် စက်ဘီးစီးသူများအတွက် လုံခြုံရေးအတွက် ပိုမိုကောင်းမွန်တဲ့ ဦးထုတ်များ ထုတ်လုပ်ရန် အထောက်အကူဖြစ်စေသည်။

Volvo သည် မော်တော်ကားများတွင် စက်ဘီးနှင့် ပတ်သတ်သည့် လုံခြုံရေးစနစ်ဖြစ်သည့် Cyclist-detection စနစ်ကို စတင်မိတ်ဆတ်ခဲ့သည့် ကုမ္ပဏီဖြစ်ပြီး အရေးပေါ်ဘရိတ်စနစ်၊ Pedestrain Detection၊ Large-animal Detection စနစ်များကိုလည်း နောက်ပိုင်းကားများတွင် ထည့်သွင်းခဲ့ သည်။

အဆိုပါစနစ်များသည် ကား၏ရေဒါနှင့် ကင်မရာတို့ကို အသုံးပြုကာ မတော်တဆမှုဖြစ်နိုင်တဲ့ စက်ဘီးများကို ခြေရာခံကာ မောင်းနှင်သူကို သတိပေးပြီး မဖြစ်မနေလိုအပ်ပါက ဘရိတ်အုပ်ကာ ရပ်တန့်ပစ်နိုင်သည်။

Volvo သည် အဆိုပါလုံခြုံရေးနစ်များကို ၂၀၁၃ ခုနှစ်ထဲက ကမ္ဘာ့အနှံ့ ထုတ်လုပ်ခဲ့သည့် ကားများတွင် စတင်ထည့်သွင်းခဲ့သည့် ကုမ္ပဏီဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here