​လက်ရှိတွင် ၊ G 4 G 15 အင်ဂျင်သည် Chery ၏ ( ၄ ) ဆက်မြောက်မျိုးဆက်၏ ပထမဆုံး Model ဖြစ်ကာ Production Line တွင်အောင်မြင်စွာ တပ်ဆင်ထားပါသည်။ ၎င်းအား 2023 Model များတွင် Modified Engine အနေဖြင့် တပ်ဆင်မည်ဖြစ်ပါသည်။ ( ၄ ) ဆက်မြောက်မျိုးဆက် အင်ဂျင်သည် စွမ်းဆောင်ရည် မြှင့်တင်ထားပြီး ဆီစာနှုန်းလည်း သက်သာပါသည်။ G 4 G 15 Engine သည် ( ၄ ) ဆက်မြောက်မျိုးဆက် အင်ဂျင်အမျိုးအစား ( ၂ ) မျိုးအနက် တမျိုးဖြစ်ကာ ( Neutral Aspiration Engine ) အမျိုးအစားဖြစ်ပြီး Miller Cycle Engine ကဲ့သို့ အဆင့်မြင့်နည်းပညာများစွာ ပါဝင်ပါသည်။

အဓိကအားဖြင့် Double Port Fuel Injection ပါဝင်ခြင်း ၊ Cycle Block နှင့် Engine Head များအားအပိုင်းလိုက် အအေးပေးစနစ်ပါဝင်ခြင်း ၊ အပူအချိန်ကို ထိန်းပေးသည့် ကိရိယာ – Thermostat နှစ်ခုပါဝင်ခြင်း ၊ Exhaust Gas လှည့်ပတ်မှုသည် ဆီစားနှုန်းကို သက်သာစေပြီး လေထုညစ်ညစ်မှုကို များစွာ လျှော့ချပေးခြင်း ၊ စသည့် ထူးခြားချက်များ ပေါင်းစပ်ပေးထားပါသည်။ ယခုမျိုးဆက် ( ၄ ) ခုမြောက် အင်ဂျင်သည် ဒုတိယမျိုးဆက်ထက် အလေးချိန်အားဖြင့် ( ၃၀ % ) ခန့် ပိုပေါ့ပါးကာ ဆီစာနှုန်းသည် ( ၁၂ % ) ကျော်ခန့် ပိုမိုသက်သာပြီး ( Low – Speed Torque ) ကိုလည်း ( ၁၀ % ) ခန့် တိုးမြှင့်ထားပါသည်။

ထို့အပြင် အဆိုပါအင်ဂျင်အား Chery ၏ဈေးကွက်ကို ကောင်းမွန်စွာ ထောက်ပံ့နိုင်ရန် စီစဉ်ထုတ်လုပ်ခြင်းဖြစ်သည့်အပြင် Chery ၏နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း နိုင်ငံများတွင် ကျယ်ပြန်စွာ သိရှိစေရန် ရည်ရွယ်ပါသည်။ အလားတူ – နည်းပညာဆိုင်ရာ အကောင်းဆုံး စွမ်းဆောင်ရည်နှင့် အစဉ်အမြဲ တိုးတက်နေသည့် တီထွင်ဖန်တီးမှုများကိုလည်း ကိုယ်စားပြု ပါသည်။ တို့အတူ Chery ၏ ဆယ်ခုနှစ်များစွာတိုင်အောင် ဂုဏ်သတင်းကြီးသည့် အင်ဂျင်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့်အောင်မြင်မှုများသည် ယခု ( ၄ ) ဆက်မြောက်မျိုးဆက် အင်ဂျင်အထိ လက်ဆင့်ကမ်းနိုင် ခြင်းဖြစ်သည်။

Chery Brand သည်အင်ဂျင်ထုတ်လုပ်မှု ဆိုင်ရာများအား အဓိကလုပ်ငန်းအနေဖြင့် 1997 တွင်စတင်တည်ထောင်ခဲ့ပြီး 1999 တွင်ပထမဆုံးအင်ဂျင်အား ၎င်း၏ ထိပ်တန်းအရည်အသွေးရှိသည့် ကားများတွင် စတင်တပ်ဆင်နိုင်ခဲ့သည့်အပြင် Chery အတွက် နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ကဏ္ဍ၏ အခြေခံ အုတ်မြစ်ကိုလည်း စတင်တည်ထောင်နိုင်ခဲ့ပါသည်။ Chery သည်ယခုဆယ်ခုနှစ်များအတွင်း ခက်ခဲကြမ်းတမ်းလှသည့် နည်းပညာဆိုင်ရာ စဉ်ဆက်မပြတ်စူးစမ်းရှာဖွေမှုများတွင်လည်း အစဉ်အမြဲ ကြိုးစားအားထုတ် နိုင်ခဲ့ပါသည်။ Chery သည် ACTECO Engine အား 2005 တွင် Model Lineup များအတွက် ပထမဆုံး အသုံးပြုခဲ့ပြီး ၎င်းအင်ဂျင်၏ စွမ်းဆောင်ရည် ၊ စွမ်းအင် ၊ ဆီစားနှုန်းနှင့် လေထုညစ်ညမ်းမှု သက်သာစေခြင်း ၊ စသည့် အချက်များတို့သည် ထိုစဉ်က ကမ္ဘာ့ထိပ်တန်းဖြစ်ခဲ့ကာ ထိုအချက်အရ Chery ၏အင်ဂျင်သည် တရုတ်နိုင်ငံတွင် ပထမဆုံးသော independent Intellectual Property Engine ဖြစ်ခဲ့ပါသည်။

Chery သည်တတိယမျိုးဆက်အင်ဂျင်ဖြစ်သည့် ACTECO 1.6 TGDI အင်ဂျင်အား 2019 တွင်စတင်ဖန်တီးခဲ့ပြီး ထိုအင်ဂျင်သည် ( China Best 10 Engines ) စာရင်းဝင်ခဲ့ပါသည်။ ၎င်းတွင် အကောင်းဆုံး စွမ်းဆောင်ရည်အနေဖြင့် ( Max Power of 145 kW ) နှင့် ( Peak Jerquer of 290 Nm ) ပါဝင်ခဲ့ကာ ( Thermal Efficiency of 37.1% ) ရှိသည့်အတွက် တရုတ်နိုင်ငံ၏ Car Engine များတွင် ဦးဆောင်နိုင်ခဲ့ပါသည်။ ( i – HEC Combustion System ) ၏ဒုတိယမျိုးဆက်ဖြစ်ပါသည်။ ( 2.0 T GDI Engine ) သည် ( Max Effective Thermal Efficiency of 41% ) ပါဝင်ထားပြီး မျိုးဆက်သစ်ဖြစ်သည့် Thermal Management System ၊ ( 350 Bar Ultra – High Pressure Direct Injection System ) ၊ တို့နှင့်အတူ အခြားသော ထူးခြားသည့်နည်းပညာများ ပါဝင်ထားသည့်အတွက် တရုတ်နိုင်ငံတွင် စွမ်းရည်အကောင်းဆုံး အင်ဂျင်အနေဖြင့် ရပ်တည်ခဲ့ပါသည်။

​တမူထူးခြားသည့် နည်းပညာများပိုင်ဆိုင်ထားသည့် Chery ACIECO Engine သည်ကမ္ဘာအနှံ့တွင် Awards များစွာ ရယူဆွတ်ခူးနိုင်ခဲ့သည့်အပြင် Chery အနေဖြင့် အဆိုပါ အင်ဂျင်အား International Brand အချို့ နှင့် နိုင်ငံများစွာရှိ Dealer များထံသို့ တင်ပို့ရောင်းချရန်လည်း ရည်ရွယ်ထားပါသည်။ ယခုအခါတွင် Chery Engine များအား – အမေရိကန် ၊ တူရကီ ၊ ဂျာမနီ ၊ ဂျပန် နှင့် အခြားသော ဒေသဈေးကွက်များသို့ တင်ပို့လျှက်ရှိသည့်အပြင် Kawasaki Heavy Industries နှင့် John Deere ကဲ့သို့ ကမ္ဘာ့ထိပ်တန်းလုပ်ငန်းကြီးများတွင်လည်း အသုံးပြုနေပါသည်။ ACIEO Engine များအား နိုင်ငံရပ်ခြားဈေးကွက်များတွင် တပ်ဆင်အသုံးပြုကြပြီး Global Market တွင်ရောင်းချသည့် TIGGO Family နှင့် ARRIZO Series များတွင်တပ်ဆင် အသုံးပြုပါသည်။

Chery သည်အင်ဂျင် နည်းပညာဆိုင်ရာအတွက် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုများအား အစဉ်အမြဲ ဂရုပြုသည့်အပြင် ၎င်း၏ ထုတ်ကုန်များသည် ကမ္ဘာအနှံ့ရှိနိုင်ငံပေါင်း ၈၀ ကျော်သို့ ရောင်းချနိုင်ကာ ( 11.2 Million Units ) ကျော်ခန့်အထိ ရောင်းအားရှိထားသည့်အတွက် အလွန်ကြီးမားသည့် အောင်မြင်မှုတရပ်ဟု ဆိုရပါမည်။ ယခုအချိန်တွင် Chery သည်မျိုးဆက် ( ၄ ) ဆက်မြောက်အင်ဂျင်အား အောင်မြင်စွာ မိတ်ဆက်ထားသည့်အပြင် အနာဂတ်တွင် Core Technology ဆိုင်ရာများကို ပိုမိုအားထုတ်ဆောင်ရွက်မည် ဖြစ်ပြီး အထူးအားဖြင့် – အင်ဂျင်နည်းပညာ ၊ တီထွင်ဖန်တီးမှုဆိုင်ရာနည်းပညာများအား ပေါင်းစပ်ဖွံ့ဖြိုးစေခြင်း ၊ သုံးစွဲသူများအတွက် လိုအပ်ချက်ဆိုင်ရာများကို ပြည့်စုံစေခြင်းနှင့် World – Class Brand အဆင့်သို့ ရည်ရွယ်ကာ အားထုတ်ကြိုးပမ်းခြင်းများကို အထူးအလေးထား ဆောင်ရွက်သွားပါမည်။

#DriveMediaMyanmar