Jaguar ၏ ပထမဆုံး ဖန်တီးသည့် F-Pace SUV သည် ထူးခြားဆန်းသစ်မှုများစွာဖြင့် 2024 Model Year အတွက် မိတ်ဆက်အနေဖြင့် ထွက်ရှိလာပါသည်။ 2024 F-Pace တွင် Update Cover Design နည်းပညာအသစ်နှင့်အတူ P400 Grade တွင် Upgrade Battery တို့ ပါဝင်လာပါမည်။ F-Pace PHEV တွင် လျှပ်စစ်မီးသီးသန့် ( မိုင် ၄၀ ) အထိ အသုံးပြုနိုင်မည့် ( 19.2 – kWh Lithium-ion Battery Pack ) ပါဝင်မည် ဖြစ်ပြီး ယခင် Model ထက် (20%) ခန့်ပို၍ Range ဖြင့်လာပါသည်။ ထို့အပြင် အချိန် (၁ နာရီ ၃၀ မိနစ်) ခန့် အားသွင်းရုံဖြင့် 80% အထိအားဖြည့်နိုင်သည့် 35-kWDC Charger ကိုလည်းမြင်တွေ့ရပါသည်။

2024 F-Pace P 400e သည် AWD Version ဖြစ်ကာ 8-Speed Autogear တွဲဖက်ထား မည်ဖြစ်ကာ (Total Output 398 hp) နှင့်အတူ စွမ်းဆောင်ရည်အနေဖြင့် – 0 to 62 mph အား (5.3 seconds) ဖြင့် အမြန်ဆုံး ရရှိနိုင်ပါမည်။ 2024 Jaguar F-Pace တွင် R-Dynamic S , R-Dynamic SE , R-Dynamic HSE , 400 Sport , SVR စသည့် Trim Level များလည်း ရရှိနိုင်ပါမည်။

အင်ဂျင်များ အနေဖြင့် –  I4 Engine , V6 Engine , V8 Engine For SVR , Mild Hybrid , PHEV , Diesel Engine စသည်ဖြင့် အမျိုးအစားများ ရရှိနိုင်ပါမည်ဖြစ်ကာ 2024 F-Pace တွင်  R-Dynamic SE နှင့်အထက် Grade များအားလုံးတွင် – Glossy Black Exterior Accents သည် Standard ပါဝင် ပါမည်။ ထို့အပြင် – 19 inch Alloy , Digital Instrument Cluster , Pivi Pro Infotainment  , Alexa Voice Control , Wireless Apple Car Play , Android Auto စသည့် Features များစွာ ပါဝင်မည့်အပြင် ဆန်းသစ်သည့် Body Color နှင့်အတွင်းခန်းအခင်းအကျင်းများစွာလည်း မြင်တွေ့ရပါသည်။

#DriveMediaMyanmar