KIA သည်နာမည်ကျော် Soul ၏ Facelift ဖြစ်သည့် 2023 KIA Soul အားပွဲထုတ်လိုက်ပြီး New Model သည် New Style Model ဟုဆိုရမည်ဖြစ်ကာ လှပပြီးစွဲဆောင်မှုရှိသည့် ဒီဇိုင်းဖြင့်ဖန်တီးထားပါသည်။ 2023 Soul တွင် – LX ၊ S ၊ EX ၊ GT – Line ဟူ၍ Trim ( ၄ ) မျိုးပါဝင်မည်ဖြစ်ကာ – Reshaped Headlight ၊ New Front Bumper Design အနောက်ဖက်မီးတန်းပုံစံအသစ် ၊ Rear Fascia ပုံစံအသစ်တို့ဖြင့် လှပဆန်းသစ်မှုများစွာ ပါဝင်မည်ဖြစ်သည်။ ထို့အပြင် ( ၂ ) ရောင်စပ်ပါဝင်မှုအသစ်များကိုလည်း မိတ်ဆက်မည်ဖြစ်ကာ၎င်းတို့မှာ – Surf Blue with Black Roof ၊ Clear White with Black Roof တို့ဖြစ်ပါမည်။ 2023 Soul အား U.S.A တွင် ( USD 20500 ) ခန့်ဖြင့် စတင်ရောင်းချပါမည်။

 

2023 KIA Soul တွင် – 17 – inch / 18 – inch / Alloy Wheel အသစ်များလည်း Optional အနေဖြင့်ရနိုင်ပါမည်။ ကျယ်ဝန်းပြီး သပ်ရပ်လှပစွာခင်းကျင်းထားသည့် အတွင်းခန်းတွင် Features များစွာပါဝင်မည်ဖြစ်ကာ 10.25 – inch Touchscreen with Navigation ၊ Automatic Air – Con ၊ စသည့် Features များအပြင် – Harman / Kardon Premium Audio System ၊ Adaptive Cruise Control ၊ High – glass Cabin Trim ၊ အစရှိသည့် Features များကိုလည်း – New GT – Line Technology Package ၊ အနေဖြင့် Optional မှာယူနိုင်ပါမည်။ ၎င်းတွင် – ( 2.0 L Naturally Aspirated I4 Engine ) ( 147 – hp )  အင်ဂျင်နှင့် ( CVT – Auto gear )  တို့ ပေါင်းစပ်ပါဝင်မည်ဖြစ်ကာ – Forward Collision Warning ၊ Lane – Centering Steering ၊ စသည့် Safety Features များစွာပါဝင်ပါမည်။

#DriveMediaMyanmar