အဆင့်မြင့်နည်းပညာများစွာကို အစဉ်တစိုက် တီထွင်ဖန်တီးလေ့ရှိသည့် Geely Brand သည် နာမည်ကျော် Daimler AG နှင့်လည်း Project များကို ပူးပေါင်းဖန်တီးဖူးသည့် Brand ဖြစ်သည်။ ယခုအခါ Geely သည် Flagship SUV Model အသစ်အား 2021 Auto Shanghai တွင် မိတ်ဆက် လိုက်သည့်အပြင် Vision Starburst Concept Model ကိုလည်း အလားတူ မိတ်ဆက်လိုက်ပါသည်။ အဆိုပါ Concept Model အား Cosmos Design Philosophy ဖြင့် ဖန်တီးထားပြီး အဆိုပါ Design ဖန်တီးမှုအား Geely ၏ အနာဂတ် ထုတ်လုပ်မည့်ကားများတွင် အသုံးပြုမည် ဖြစ်သည်။ Concept Model တွင် အရောင်တောက်ပသည့် Wheel များနှင့် ခမ်းနားသည့် အခင်းအကျင်း တ့ိုကဲ့သို့ ဆန်းသစ်သည့် တင်ဆက်မှုများစွာ ပါဝင်ပြီး ( အရောင်တောက်ပသည့် Wheel ) များသည် Charging သွင်းပါက မတူညီသည့် အရောင်မျိုးစုံကို ပြောင်းလဲပေးမည်ဖြစ်သည်။ အဆိုပါ ဆန်းကြယ်သည့် အရောင်ဖြာခြင်းကို အတွင်းခန်းရှိ Ambient Light တွင်လည်း ပေါင်းစပ်ထားမည်ဖြစ်၍ ကားအတွင်း နှင့် အပြင်တို့၏ Lighting ပုံစံများကို လိုက်ဖက်စွာ တွေ့မြင်ရပါမည်။ ကား၏အတွင်းခန်းတွင် အခင်းအကျင်းသည်လည်း ထူးခြားမည်ဖြစ်ကာ Floating Center Console Design ၊ ( မတူညီသည့် အရောင်ကွဲ ၄ မျိုးဖြင့် ပြသသည့် Gear Setting ) အပါအဝင် တမူထူးခြားသည့် အခင်းအကျင်း များဖြင့် ဖန်တီးထားပါမည်။ ယခုမိတ်ဆက်လိုက်သည့် Geely Vision Starburst Concept ၏ ဒီဇိုင်းနှင့် အခင်းအကျင်းတို့သည် Digital ခေတ်သစ်ဆီသို့ ရည်ရွယ်ထားပြီး Geely ၏ နည်းပညာနှင့် ဖန်တီးမှုတို့ကိုလည်း ထင်ဟပ်စေသည်ဟု Geely Design Shanghai Dept မှ မှတ်ချက်ပြုထား ပါသည်။