2020 September တွင် Concept အနေဖြင့် မိတ်ဆက်ခဲ့သည့် Infiniti QX 60 သည် ယခုအခါ 2022 Model အနေဖြင့် ထွက်ရှိလာကာ Car ၏ ဒီဇိုင်းနှင့် ဖန်တီးမှုအားလုံးကို ယခင် Model များ ထက်ပို၍ သားနားစွာ ဖန်တီးထားပါသည်။ Modern နှင့် Luxury တို့ပေါင်းစပ်ထားသည့် 2022 QX60 တွင် Modern Car များတွင် ပါလေ့ရှိသည့် Full Size Infotainment Screen အပါအဝင် ဆန်းသစ်သည့် ပါဝင်မှုများစွာလည်း ပါရှိပါမည်။ ကား၏ အပြင်ဖက်ဒီဇိုင်းသည် ယခင် QX60 Model ထက်ပို၍ ပြေဖြစ်လှပသည့် ပုံစံရှိပြီး QX 60 အတွက် ပထမဆုံးဖြစ်သည့် 2 – Tone Paint အား Autograph Trim တွင် ထည့်သွင်းပေးထားပါသည်။ ကား၏ အကျယ်အဝန်းသည် Mid – size Crossover အနေဖြင့် အဆင်ပြေသည့် အနေအထားရှိကာ ခုံတန်း ( ၃ ) တန်း ပုံစံဖြစ်၍ ခရီးသည် ( ၇ ) ဦးခန့် အသုံးပြုနိုင်ပါမည်။ အတွင်းခန်း၏ ဒီဇိုင်းနှင့် အခင်းအကျင်းတို့သည် အလွန်လှပပြီး ထူးခြားသည့် Air vent Design များနှင့် အတူ Open – pore Wood Trim နှင့် Semi – Aniline Quilted Leather ကဲ့သို့ Luxury Feature များစွာကိုလည်း ထည့်သွင်းထားပါသည်။ ( 12.3 – inch Touchscreen Screen ) တွင် အဆင့်မြှင့်တင်မှုများစွာ ပေါင်းစပ်ပါဝင်မည်ဖြစ်ကာ ၎င်းနှင့်အတူ – ( 12.3 – inch Instrument Screen ) ၊ ( 10.8 – inch HUD ) ၊ ( မြင်ကွင်းကျယ် အမိုးအဖွင့်စနစ် ) ၊ ( 3 – Zone Climate control ) ၊ ( Wireless Apple Car Play ) စသည့် Features များစွာပါဝင်ပါမည်။ ၎င်းတွင် အင်ဂျင်အနေဖြင့် ( 3.5 L V6 Engine ) ၊ ( 295 hp ) အင်ဂျင်နှင့် ( 9 – Speed Auto Gear ) တို့ တွဲဖက်ထားမည်ဖြစ်ကာ ( ရှေ့ဘီးယက် ) ( သို့မဟုတ် ) ( AWD System ) တို့ ရရှိပါမည်။ 2022 QX60 အား U.S.A တွင် ယခုနှစ်ကုန်ခန့်တွင် စတင်ရောင်းချပါမည်။