ယခုနှစ်ဆန်းပိုင်းတွင် မိတ်ဆက်ခဲ့သည့် LEXUS ၏ အနာဂတ်ထုတ်လုပ်မည့် New EV Model များတွင် ပါဝင်ခဲ့သည်။ Battery Electric RZ 450 c Model အား Lexus  မှ မိတ်ဆက်လိုက်ပါသည်။ RZ 450 Crossover   အား Toyota bZ4X နှင့် Subaru Sunterra တို့တွင် အသုံးပြုထားသည့်  ( e – TNGA Platform ) အပေါ် အခြေခံဖန်တီး ထားမည့် RZ 450 e Luxury Model တွင် AWD သည် Standard ဖြစ်သည် New RZ450 e အား Lexus မှ 2021 December တွင်မိတ်ဆက်ပြသခဲ့သည့် Future EV Models များတွင် ထည့်သွင်းပြသခဲ့သည်။ ယခုအခါ 2023 Model အနေဖြင့် နှစ်ကုန်ခန့်တွင် စတင်ရောင်းချနိုင်ရန် Lexus မှ စီစဉ်ထားပါသည်။ RZ 450e ၏ ဒီဇိုင်းအား Modern Lexus Models များတွင် အသုံးပြုသည့် Unique Sheet Metal Layout ဖြင့် ဖန်တီးထားမည်ဖြစ်ကာ လှပသည့် Spindle Grill အပါအဝင် Stylish Design ဖြင့် အဓိက ဖန်တီးထားပါမည်ဖြစ်ပြီး Lexus ၏ အနုသုခုမဟန်ပန်များကို တင်ဟပ်စေရန် ဒီဇိုင်းထုတ်ထားပါသည်။

 

အတွင်းခန်းအခင်းအကျင်းအား Toyota bZ4X ၏ Interior Layout ကို အခြေခံကာ ဖန်တီးထားမည်ဟု LEXUS ချစ်သူများမှ ယူဆကြပါသည်။ ၎င်းတွင် Battery ဆိုင်ရာများအနေဖြင့် – ( 72. 8 –kwh, Battery Park ) နှင့် လျှပ်စစ်မော်တာ ( ၂ ) ခု ပေါင်းစပ်ထားမည်ဖြစ်ကာ Total Output အနေဖြင့် – ( 201 hp ) ( 221 Ib – Pt of Torque ) ရရှိပါမည်။ Performance အနေဖြင့် – ( 250  – Miles Mark in EPA Cycle ) ခန့် ရရှိမည်ဟု Lexus မှ ခန့်မှန်းထားပါသည်။ New Lexus RZ 450e သည် Luxury EV Crossover Model များတွင် အထူးထင်ရှားလာမည့် EV Model ဟု အများခန့်မှန်းထားကြပြီး လက်ရှိ EV Crossover များတွင် ထင်ရှားလျှက်ရှိသည့် Tesla Model Y ကဲ့သို့ Popular ဖြစ်လာမည့် Model ဟု လည်းဆိုနိုင်ပါမည်။

#DriveMediaMyanmar