Vauxhall Astra သည် New Model အား Estate နှင့် Hatchback ပုံစံ ( ၂ ) မျိုးဖြင့် ထုတ်လုပ်လိုက်ပြီး ဆန်းသစ်သည့် ဒီဇိုင်း ၊ Function များစွာပါဝင်ခြင်းနှင့် စွမ်းဆောင်ရည်ကောင်းမွန်သည့်အင်ဂျင် စသည့် ထူးခြားချက် များတွေ့မြင့်ခံစား ရပါမည်။ Vauxhall သည် ပြင်သစ်နှင့် အီတလီထုတ်နာမည်ကျော် Brands များဖြစ်သည့် Peugeot ၊ Citroen ၊ Fiat တို့ တပေါင်းတည်းစုစည်းထားသည့် Stellantis Group လက်အောက်ခံ Brand ဖြစ်သည်။ ထို့ကြောင့် New Astra ၏ Platform အား New Peugeot 308 ထံမှ ခွဲဝေရယူထားပါသည်။ New Astra ၏ ဒီဇိုင်းနှင့် Cleaner Overall Shape Design တို့သည် Vauxhall ၏ New Vicar Model ၏ Design Language အတိုင်း ဖန်တီးထား သော်လည်း New Astra ၏ ဒီဇိုင်းနှင့် လှပမှုတို့သည် New Vicar ထက်ပို၍ စွဲဆောင်မှုရှိသည့် ပုံစံရှိပါသည်။ ကား၏ အတွင်းခန်းအား Premium ဆန်ဆန်ဖန်တီးထားသည့်အပြင် Piano Black Plastic ဖန်တီးမှုနှင့်အတူ Driver ဖက်အခြမ်းမှ Dashboard အထိ ရှိသည့် Screen များဖြင့် ထူးခြားစွာ ခင်းကျင်းထားပါသည်။ Automatic Model များတွင် Peugeot 303 နှင့် Citroen C4 တို့တွင် ပါဝင်သည့် အရွယ်သေးငယ်သည့် ဂီယာတံပါရှိပါမည်။ New Astra Estate တွင် ( 608 Liters ) အကျယ်ရှိသည့် Luggage Space ပါရှိကာ အဆိုပါ Space သည် VW Golf Estate ထက်ကျယ်ဝန်းကာ Skoda Octavia Estate ထက် သေးငယ်ပါသည်။ ပစ္စည်းများစွာ ထားသိုနိုင်သည့်စနစ်ဖြစ်သည့် New Intelli – Space function ကိုလည်း New Astra Estate တွင် ရနိုင်ပါမည်။ အလားတူ – 10 – Inch Touchscreen Display ၊ Digital Instrument Cluster ၊ 360 – Degree Camera ၊ HUD ၊ ကြိုးမဲ့ Phone အားသွင်းစနစ် စသည့် Function များစွာ ပါဝင်ပါမည်။ အင်ဂျင်အနေဖြင့် ဓာတ်ဆီနှင့် ဒီဇယ်အင်ဂျင်များ ရနိုင်မည်ဖြစ်ကာ EV Version ကိုမူ 2023 တွင် ဆက်လက်ထုတ်လုပ် ပါမည်။ Vauxhall Astra Estate / Hatchback တို့အား 2022 နှစ်ဦးပိုင်းတွင် စတင်ရောင်းချပါမည်။
#DriveMediaMyanmar