Small Crossover အမျိုးအစားကားများတွင် ထင်ရှားသည့် Suzuki SX4 S – Cross အား 2006 တွင် စတင်မိတ်ဆက်ခဲ့ပြီး ဥရောပရှိ အချို့ဈေးကွက်များတွင် Fiat Sedici အနေဖြင့်လည်း ရောင်းချခဲ့သည်။ ၎င်းအား ယခုအခါ Grown – up အနေဖြင့် ထုတ်လုပ်လိုက်ပြီး New Model တွင် အရွယ်အကြီးမားသည့် Piano Black Grille နှင့် အတူ 3 – Point LED Headlight တို့ပေါင်းစပ်ပါဝင်မည်ဖြစ်ပြီး ယခင်မျိုးဆက် Model များထက် Crossover အခင်းအကျင်းပုံစံ ပို၍ပေါ်လွင်မည်ဖြစ်သည်။ New S – Cross တွင် ယခင် Model ထက်ပို၍ အရွယ်ကြီးမားသည့် New Clear Taillight Design အသစ်ကိုလည်း လှပစွာတွေ့မြင့်ရပါမည်။ ကား၏ အပြင် ဖက်ဒီဇိုင်းအား ထူးခြားပေါ်လွင်သည့်ပုံစံဖြင့် အဓိကဖန်တီးထားပါသည်။ ကျယ်ဝန်းသပ်ရပ်စွာ ခင်းကျင်းထား သည့် အတွင်းခန်းတွင် ( New 9 – inch Touchscreen ) အား Dashboard အလည်တွင် ထင်ထင်ရှားရှား တွေ့မြင်ရမည်ဖြစ်ကာ ၎င်းတွင် Apple Car Play နှင့် Android Auto ကဲ့သို့ ခေတ်မှီ Apps များထည့်သွင်းထား ပါသည်။ ထိုင်ခုံများကို သက်သောင့်သက်သာရှိစေမည့် အနေအထားဖြင့် ဖန်တီးထားပါသည်။ New S – Cross တွင် ( 1.4 L Petro Engine ) ၊ ( 127 hp ) အင်ဂျင်အား Mild – Hybrid Tech ဖြင့် တွဲဖက်ထားမည်ဖြစ်ကာ အဆိုပါအင်ဂျင်သည် Update Swift Sport ထံမှ ခွဲဝေရယူထားခြင်းဖြစ်ပါသည်။ ( 6 – Speed Manual Gear ) ပါဝင်မည်ဖြစ်ကာ ( AWD System ) နှင့် ( Auto Gear Type ) တို့ကိုလည်း မှာယူနိုင်ပါမည်။ ၎င်းအား ဥရောပဈေးကွက်တွင် ယခုနှစ်ကုန်၌ ရောင်းချမည်ဖြစ်ကာ လက်တင်အမေရိကနှင့် အာရှဈေးကွက်များတွင်မူ 2022 တွင် ဆက်လက်ရောင်းချပါမည်။

#DriveMediaMyanmar