Hyundai ၏ Model Lineup များတွင် အသစ်ဖြစ်သည့် 2022 Hyundai Santa Cruz Compact Pickup ၏ U.S.A ဈေးကွက်တွင် ရောင်းချသည့် ဈေးသည် ( USD 25000 ) ခန့်မှ စတင်မည် ဖြစ်ပြီး အဆိုပါ ဈေးနှုန်းသည် Ford Maverick ၏ U.S.A ရောင်းဈေး ( USD 21400 ) ထက်ပိုမိုများပြား
 
ပါသည်။ 2022 Hyundai Santa Cruz အား Base Model ၌ ပင် Features များ စုံလင်စွာ ထည့်သွင်းပေးမည်ဖြစ်ကာ Base SE Trim တွင် – 18 – inch Alloy ၊ ယာဉ်မောင်းထောက်ပံ့ မှုဆိုင်ရာနည်းပညာများစွာနှင့်အတူ အဝေးထိန်းစနစ်ဖြင့် ဖွင့်နိုင်သည့် အနောက်ဖုံး ၊ ကဲ့သို့ Feature များစွာပါဝင်ပါသည်။ 2022 Hyundai Santa Cruz Pickup တွင် ( 2.3 L I4 Engine ) နှင့် ( 8 – Speed Auto gear ) တို့ တွဲဖက်ထားပြီး ရှေ့ဘီးယက်စနစ်သည် Standard  ဖြစ်သည်။ AWD System ကို Optional အနေဖြင့် ရနိုင်ပါမည်။ Santa Cruz SEL Model အား ( USD 28300 ) ဖြင့် သတ်မှတ်ရောင်းချမည်ဖြစ်ကာ ၎င်းတွင် ( Activity Package ) ကို ရနိုင်ပါမည်။ ( 2.5 L Turbocharged I4 Engine ) အား SLE Premium တွင် ရနိုင်မည်ဖြစ်ပြီး အဆိုပါ Trim အား ( USD 36900 ) ဖြင့် သတ်မှတ်ထားကာ ( 4WD System ) သည် Standard ဖြစ်သည်။ Santa Cruz Limited ကိုမူ ( USD 40400 ) ခန့်ဖြင့် ရောင်းချပါမည်။  Santa Cruz အား ယခုနှစ် July အကုန်ခန့်တွင် ( U.S.A ) ဈေးကွက်တွင် စတင်ရောင်းချမည်ဖြစ်ပြီး အဆိုပါ Model အား U.S.A ၊ Alabama ပြည်နယ်ရှိ Hyundai စက်ရုံမှ တပ်ဆင်ထုတ်လုပ်ပါသည်။