Bugatti သည် 2019 Geneva ကားပြပွဲတွင် မိတ်ဆက်ခဲ့သည့် La Voitre Noire Model အား တစင်းတည်းသာ ထုတ်လုပ် ဖန်တီးလိုက်သည်။ ၎င်းသည် Chiron ကို အခြေခံထားသည့် Coach Built Coupe Model ဖြစ်သည်။ Bugitti သည် La Voiture Noire အတွက် ( နာရီ ၆၅၀၀၀ )ကျော် ရှိသည့် Engineering Hours Project ဖြင့် အထူးဖန်တီးတည်ဆောက်ခဲ့ပါသည်။ ၎င်းတွင် ( Quad-Turbocharged W 16 Engine ) ( 1479 hp ) အင်ဂျင်နှင့်အတူ ( Carbon Fiber ) ပေါင်းစပ်မှုများစွာ ဖြင့် ဖန်တီးထားပြီး ( Wheelbase ) သည် Chiron ထက် အနည်းငယ်ရှည်ပါသည်။ ထူးခြားသည့် အရှေ့မီးသီးဒီဇိုင်းနှင့်အတူ Grille သည် ( 3D Painted ) ဖြစ်ပါသည်။ La Voiture Noire အား ( Touring-oriented Design ) ဖြင့်လှပစွာ ဖန်တီးထားပါမည်။ ကား၏ အတွင်းခန်းတွင်လည်း Havana Brown Leather Seats များအပါအဝင် Aluminum များကိုလည်း ပေါင်းစပ်ထည့်သွင်းထားမည် ဖြစ်သည်။ အဆိုပါ One-off Model အား အမည်မဖော်လိုသည့် Collector တဦးမှ ( 11.0 million Euros ) ဖြင့် ဝယ်ယူပြီး ဖြစ်သည်။ ကမ္ဘာကျော် Rolls-Royce သည်လည်း (Boat Tail ) အမည်ရသည့် ( A-Yatch-inspired, one of a kind Convertible)အား ( USD 28 Millions ) ခန့်ဖြင့် ရောင်းချခဲ့ပါသည်။ La Vanture Noire သည် ပြင်သစ်စကားဖြစ်ပြီး ( The Black Car ) ဟုဆိုလိုကာ ကားတစ်စင်းလုံးအား အနက်ရောင်ဖြင့် ဖန်တီးထားပါသည်။ ၎င်းModel အား Bugatti တည်ထောင်သူ ၏ သားဖြစ်သူ Mr Ettore Bugatti မောင်းနှင်ခဲ့သည့် Type 57 SC Atlantic Model ကို ပြန်လည် ကွန့်မြူးကာ ဒီဇိုင်းရယူဖန်တီးခြင်းဖြစ်သည်။