မြန်မာ့တစ်နှစ်တာအကောင်းဆုံးကားဆုပေးပွဲ(MCOTY)သည် နိုင်ငံတကာတွင် ကျင်းပပြုလုပ်လျက်ရှိသော ကားပြပွဲများအတိုင်း သတင်းစာပညာရှင်များမှ အကဲဖြတ်ကာ ဆုရွေးချယ်ချီးမြှင့်သော ပြိုင်ပွဲတစ်ပွဲဖြစ်ပါသည်။
၂၀၁၉ နှစ်တွင် Drive Media အနေဖြင့် ပြည်တွင်း ပြည်ပကျွမ်းကျင်ပညာရှင်၊ သတင်းစာပညာရှင်များ၏ ပူးပေါင်းပါဝင်မှုနှင့်အတူ မြန်မာ့တစ်နှစ်တာအကောင်းဆုံးကားဆုပေးပွဲကို တတိယအကြိမ်မြောက်ကျင်းပသွားမည်ဖြစ်ပါသည်။
မြန်မာ့တစ်နှစ်တာအကောင်းဆုံးကားဆုများကို ရွေးချယ်ရာတွင် စမ်းသပ်မောင်းနှင်မှုများပြုလုပ်ပြီး ကားတစ်စီး၏ Safety ပိုင်း၊ စွမ်းဆောင်ရည်၊ နည်းပညာပိုင်း၊ သုံးစွဲသူများ၏ စိတ်ကျေနပ်မှုနှင့် ဈေးနှုန်းသင့်တင့်မှု ရှိ၊မရှိစသည့် အချက်များကို လေ့လာ၍ စစ်ဆေးအကဲဖြတ် အမှတ်ပေးသွားမည်ဖြစ်သည်။
၂၀၁၉ ခုနှစ် မြန်မာတစ်နှစ်တာအကောင်းဆုံးကားဆုပေးပွဲတွင် ပြည်တွင်းပြည်ပမှ ကျွမ်းကျင်ပညာရှင်များနှင့် သတင်းစာပညာရှင်များပါဝင်သည့် အကဲဖြတ်ဒိုင်အဖွဲ့မှ ဆုတံဆိပ်(၁၁)ခု နှင့် ကားချစ်သူပရိတ်သတ်များမှ ရွေးချယ်သည့် People Choice ဆုတို့ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။

Zawgyi Version…

တတိယအကြိမ်မြောက် မြန်မာ့တစ်နှစ်တာအကောင်းဆုံးကားဆုပေးပွဲ 2019 MCOTY