MG သည် 2021 တွင်မိတ်ဆက်ခဲ့သည့် – 2 Seat EV Concept Model အား Customer များ၏တောင်းဆိုမှုများအရ Production Model ဖြင့်ဖန်တီးမည်ဖြစ်သည်။ နမူနာပြသလိုက်သည့် ဓာတ်ပုံများအရ New MG Cyberster ဟုအမည်ပေးထားသည့် EV Sport Model သည်အလွန်လှပဆန်းသစ်သည့် ဒီဇိုင်းပုံစံရှိပြီး Concept ၏အငွေ့အသက်များစွာကိုလည်း ဆက်လက်အသုံးပြုထားသည့်အတွက် အလွန်စွဲဆောင်မှုရှိသည့် Model ဟုဆိုရပါမည်။ All New MG Cyberster သည် Concept Model ထက်အရွယ်ပိုကြီးမည်ဖြစ်ကာ သေးငယ်သည့်ဘီးများ ၊ Gaping Front Grille ၊ Decorative Items ၊ စသည့်အခင်းအကျင်းများပါဝင်မည်ဖြစ်ကာ ကားအနောက်ဖက်ဒီဇိုင်းသည် Concept Version နှင့်များစွာ ဆင်တူပါမည်။ သို့သော် Concept တွင်ပါဝင်သည့် Union – Jack Inspired Rear Light အစား Angular Light Bar နှင့်မြှားပုံစံရှိသည့် Brake Light Design တို့ကိုပြောင်းလဲထားပါမည်။

 

၎င်းသည် 2 – Seater Type ဖြစ်ပြီး Concept Model တွင်ပါဝင်သည့် Open – Cockpit Layout ကိုဆက်လက်အသုံးပြုမည်ဖြစ်သည်။ MG Cyberster ၏ Concept Model သည် EV Type ဖြစ်ပြီး ( Range of 497 Miles ) ရရှိသည့် Powertrain ပါဝင်ပြီး MG Cyberster Model သည် MG အတွက်အနာဂတ်အသစ်ဟု ဆိုရမည်ဖြစ်သည်။ Cyberster Sport Car အား U.K ရှိ MG စက်ရုံတွင် တည်ဆောက်တပ်ဆင်မည်ဖြစ်ပြီး MG 4 Hatchback Model သည်လည်းယခုနှစ်ကုန်ခန့်တွင် စတင်ရရှိမည်ဖြစ်သည်။ MG Model များတွင် MG 4 နှင့် MG Z S Small SUV တို့သည်ရောင်းအားအလွန်ကောင်းသည့် Model များဖြစ်ကာ Range of 250 Miles အထိရနိုင်သည့် Powertrain ပါဝင်သည့် ZS EV Version ကိုလည်းထပ်မံထုတ်လုပ်ပါမည်။

#DriveMediaMyanmar