SKODA သည် ၎င်း၏ Sibling Brand များဖြစ်သည့် Seat ၊ Cupra နှင့်Volkswagen တို့မှ ဖန်တီးကြသည့် VW ID 2 နှင့် Cupra Urban Rebel ထို့ကဲ့သို့ EV City Car များကဲ့သို့ New EV City Car အသစ်ကို ထုတ်လုပ်မည်ဖြစ်သည်။ VW နှင့် Cupra တို့သည် New EV City Car Formula များကို 2021 Munich Motor Show တွင် စတင်မိတ်ဆက်ခဲ့ပြီး ၎င်းတို့သည် VW ID 2 နှင့် Cupra Urban Rebel တို့ဖြစ်ပြီး 2025 တွင် စတင်ရောင်းချရန် Brands များမှ စီစဉ်ထား ပါသည်။ Skoda မှ ဆက်လက်ဖန်တီးထုတ်လုပ်မည့် New EV City Car သည်  အဆိုပါ Model များကဲ့သို့ ထူးခြား ကောင်းမွန်သည့် အရည်အသွေးရှိမည်ဖြစ်သည့်အပြင် ဈေးနှုန်းအားဖြင့်လည်း များစွာသက်သာပါမည်။ Skoda ၏ New EV Model အား MEB Architecture Platform တွင် အခြေခံဖန်တီးမည်ဖြစ်ကာ ၎င်း Platform အား VW နှင့် Cupra တို့သည်လည်း အသုံးပြုထားပါသည်။

 

အသစ်ထွက်ရှိ လာမည့်  SKODA ၏ New City Car သည်လက်ရှိထုတ်လုပ် ထားသည့် Skoda Entry – Level SUV ကဲ့သို့ အများစု ရွေးချယ်အသုံးပြုနိုင်သည့် Level ရှိရန် Skoda မှ လျာထား ပါသည်။ VW ID 2 Model သည် VW ID Model နှင့် အများအားဖြင့် တူညီမည်ဖြစ်ကာ Design နှင့် Size သာကွဲလွဲမည်။  SKODA ၊ SEAT ၊ Volkswagen တို့သည် ပေါ့ပေါ့ပါးပါးနှင့် မြို့အတွင်း အသုံးပြုရန် များစွာ အဆင်ပြေသည့် လျှပ်စစ် စနစ်သုံး Entry Level City EV Model များကို ကျယ်ပြန့်စွာ ထုတ်လုပ်ရန် အစီအစဉ်များရှိပါသည်။

#DriveMediaMyanmar