Mazda သည် နာမည်ကျော် CX – 60 SUV အား Plug – in Version အပါအဝင် ထူးခြားဆန်းသစ်သည့် အခင်းအကျင်းနှင့် Sleek Design တို့ဖြင့် 2022  Model Year အနေဖြင့် ပွဲထုတ်လိုက်ပါသည်။ 2022 New CX – 60 Plug – in Model အား ( စတာလင်ပေါင် ၄၃၉၀၀ ) ခန့်ဖြင့် စတင်ရောင်းချပါမည်။ CX – 5 ထက် အရွယ်ကြီးမားသည့် Mazda CX – 60 Model အား Mazda ၏ မူပိုင် KODO Design Language ကို အခြေခံဖန်တီးထားကာ ကျယ်ဝန်းသည့် Radiator Grille နှင့် ပေါင်းစပ်ရောနှောထားသည့် ရှေ့မီးတွင် သွယ်လျသည့် LED Light Strips Design ကို တွေ့မြင်ခံစားရမည်ဖြစ်ကာ ပြေပြစ်သည့် ဘေးဖက်ကိုယ်ထည်ဒီဇိုင်းနှင့်အတူ ရှည်မျောမျောပုံစံရှိသည့် Tai – Light တစုံနှင့် Quod Exhaust Tips တို့ထည့်သွင်းထားသည့် Rear – end Fitting Design ပုံစံ အနောက်ဖက်ဒီဇိုင်းအထိ Mazda ၏ အလှတရားများကို ခံစားမည်ဖြစ်သည်။

 

2022 CX – 60 တွင် Mazda  အတွက် အင်ဂျင်အသစ်စက်ဖြစ်သည့် ( 2.5 L I 4 Petrol Engine ) နှင့် ( Electric Motor ) တို့ တွဲဖက်ထားပြီး ( Total Output 323 bhp )  ရရှိသည့် Plug – in Hybrid Engine တို့ ထည့်သွင်းထားပါသည်။ အဆိုပါအင်ဂျင်အား ( 8 – Speed Auto Gear ) ဖြင့် တွဲဖက်ထားကာ Performance အနေဖြင့် – 0 to 62 mph အား ( 5.8 Seconds ) ဖြင့် အမြန်ဆုံးရောက်ပါမည်။ လျှပ်စစ်မော်တာအတွက် ( 17.8 kWh Battery Pack ) ပါဝင်ပါမည်။ 2022 CX – 60 သည် လျှပ်စစ်မီးသန့်ဖြင့် ခရီး ( ၃၇ မိုင် ) အထိ အသုံးပြုနိုင်ပါသည်။ Mazda အနေဖြင့် –  ( 3.3 L I 6 Diesel ) နှင့် ( 48 V Mild – hybrid ) ပေါင်းစပ်ထားသည့် အင်ဂျင်အသစ်အား ယခုနှစ်အကုန်တွင် မိတ်ဆက် မည်ဖြစ်ပြီး Mazda’s Sky Activ X Sport – Compression – Ignition Tech ကိုလည်း 2022 တွင် ဆက်လက်မိတ်ဆက် ပါမည်။ 2022 CX – 60 Model တွင် Kinematic Posture Control System ၊ Drive Model ၊ Hill Decent Control ၊   မြင်ကွင်းကျယ်အမိုးဖွင့်စနစ် ၊ စသည်တို့ပါဝင်ပါမည်။

#DriveMediaMyanmar