General Motors သည်တရုတ်နိုင်ငံအတွက် Buick GL 8 MPV ကို 2022 May တွင်မိတ်ဆက်ခဲ့ပါသည်။ ထိုနောက် GL 8 ၏ Luxurious version MPV အားဆက်လက်မိတ်ဆက်လိုက်ပြီး ၎င်းတို့အား Buick Brand Day Celebrate ကာလအတွင်း မိတ်ဆက်ခြင်းဖြစ်သည်။ Buick သည် All – New GL 8 Century MPV အားတရုတ်ရှိ Buick Flagship Model အဖြင့်ရည်ရွယ်ကာ ထုတ်လုပ်ခြင်းဖြစ်ပြီး ပုံမှန်ခုံ ( ၃ ) တန်း GL 8 နှင့် Luxury Version ခုံ ( ၂ ) တန်း GL 8 ဟူ၍ Version ( ၂ ) မျိုးဖြင့်ထုတ်လုပ်ထားပါသည်။ luxurious GL 8 Century Version ကိုအထူးကောင်းမွန်ပြည့်စုံမှုများနှင့် နောက်ဆုံးပေါ်နည်းပညာပါဝင်မှုများစွာဖြင့် ဖန်တီးထားမည်ဖြစ်ကာ စဉ်ဆက်မပြတ်တိုးတက်နေသည့် တရုတ်နိုင်ငံနှင့်ကိုက်ညီသည့် Model အဖြင့်အဓိကရည်ရွယ်ဖန်တီးထားသည်ဟု Buick ၏ Global Vice President မှပြောကြားထားပါသည်။

 

All New GL 8 တွင် Buick ၏ New Logo အပါအဝင် New Global Pure Design Philosophy ဖြင့်အဓိက အခင်းကျင်းထားပြီးအဆိုပါ Design Philosophy အားအနာဂတ် Buick Model များတွင် ဆက်လက်အသုံးပြုပါမည်။ ၎င်းတွင် အရွယ်ကြီးမားလှသည့် – Trapezoidal Grille ၊ Shark – Nose – Like – Styling ၊ Dual – Direction Headlight ၊ စသည့်ဖန်တီးမှုလက်ရာများစွာ ပါဝင်ပါမည်။ အလားတူအတွင်းခန်အား Luxurious and Personalized Experiences ဆန်စွာခင်းကျင်းထားပြီး Second Row Cooption’s Chair ၊ အရွယ်ကြီးမားသည့် TV Screen ၊ Bose Speaker – Integrated Headrest ၊ Starry Nightfall Sky ၊ First – Class Seat ၊ တို့ပါဝင်မည်ဖြစ်သည်။ 1999 တွင်စတင်ထုတ်လုပ်ခဲ့သည့် GL 8 MPV ၏ All – New GL8 Century အားယခုနှစ်ကုန်တွင် တရုတ်နိုင်ငံမှစတင်ရောင်းချပါမည်။

#DriveMediaMyanmar