EV Car များကိုထုတ်လုပ်သည့် တရုတ်အခြေစိုက် Human Horizons Brand သည် Production Version ဖြစ်သည့် HiPhi Z EV Sedan Concept Model အား 2021 တွင်ပထမဆုံး မိတ်ဆက်ခဲ့သည်။ ယခုအခါ အဆိုပါ HiPhi EV Z အား Production အနေဖြင့်ယခုနှစ်အကုန်တွင် စတင်ထုတ်လုပ်ပါမည်။ ၎င်းသည် Human Horizons ၏ဒုတိယမြောက် မိတ်ဆက်သည့် Model ဖြစ်ကာပထမဆုံး Model ဖြစ်သည့် HiPhi 1 Concept အား 2019 တွင် မိတ်ဆက်ခဲ့ပြီး HiPhi X Crossover အနေဖြင့် 2021 တွင်စတင်ထုတ်လုပ်ခဲ့ပါသည်။ ယခုမိတ်ဆက်သည့် HiPhi Z သည် 4 -Seater EV Sedan ဖြစ်ကာကားအလျားသည် (198 inch ) ရှိပါသည်။ ၎င်းတွင်လျှပ်စစ်သီးသန့်ဖြင့် ခရီးမိုင် ၄၀၀ ခန့်အထိအသုံးပြုနိုင်သည့် – 120.0 Kilowatt Hour Battery Pack ပါဝင်မည်ဖြစ်သည်။ Performance အနေဖြင့် 0 to 62 mph အား 3.8 Seconds ဖြင့် အမြန်ဆုံးရောက်ရှိနိုင်သည့် Powertrain လည်းပါဝင်မည်။

 

HiPhi Z သည် Human Horizons HiPhi Z အား Premium Level အနေဖြင့်ဖန်တီးထားပြီး ကား၏ဒီဇိုင်းကိုလည်း လှပပြီးခေတ်ရှေ့ပြေးသည့် Design Theme ဖြင့်ဖန်တီးထားကာ – 23 – Speaker Meridian Audio System, Nappa Leather Trim, Lidar အပါအဝင် Sensor များစွာပေါင်းစပ်ထားသည့် Electronic Driver – Assist Feature, Floating Infotainment Screen Controlled By AI System စသည့် Features များစွာပါဝင်ပါမည်။ အလားတူ All Glass Roof, ရင်ကွဲပုံစံတံခါးများ စသည့်ထူးခြားသည့် ပုံစံများပါရှိမည့်အပြင် ကားအနောက်ဖက်ရှိ Roof ကိုလည်း ဘယ်/ညာ တခြမ်းစီဖွင့်နိုင်သည့် ပုံစံကိုလည်း မိတ်ဆက်ထည့်သွင်းထားပါသည်။ Human Horizons သည် HiPhi Z Model အား 2022 August တွင်ကျင်းပသည့် Chengdu Motor Show တွင်ပြသမည် ဖြစ်ကာ ( ယွမ် ၆ သိန်း ) ဝန်းကျင်ဖြင့် ရောင်းချပါမည်။

#DriveMediaMyanmar