တပ်ဆင်ထုတ်လုပ်မှုကို စက်တင်ဘာလက စတင်နေပြီလို့ ဂျပန်သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ Hilux Adventure နှင့် Hilux Revo ပစ်ကပ် Double Cab ကားတွေကို စတင်တပ်ဆင်ကာ လည်ပတ်နေပြီး လစဉ်အစီးရေ အနည်းငယ်သာ ထုတ်လုပ်တပ်ဆင်မယ်လို့လည်း ဂျပန်အခြေစိုက် မီဒီယာကြီးဖြစ်တဲ့ Nikkei Asia ကဖော်ပြထားပါတယ်။ အခုလိုတပ်ဆင်ထုတ်လုပ်မှုကို လုပ်ငန်းလည်ပတ်ဖို့ ၁၉ လကျော် နှောင့်နှေးခဲ့တယ်လို့လည်းသိရပါတယ်။
စျေးနှုန်းများသည် အချိန်နှင့်အမျှပြောင်းလဲမှုရှိနိုင်သဖြင့် ခန့်မှန်းစျေး သိန်း ၁၇၀၀ ဝန်းကျင်ရှိနိုင်တယ်လို့သိရပါတယ်။
Pre-booking တင်ထားလိုသူများလည်း လက်ခံပေးလျက်ရှိပါတယ်။
