KIA သည် သက်တောင့်သက်သာရှိပြီး ဇိမ်ခံကားအဆင့်ရှိသည့် အခင်းအကျင်းနှင့် ပါဝင်မှုများ ဖန်တီးထားသည့်ကားများကို နှစ်သက်သည့် ကားချစ်သူများအတွက် 2021 Sedona Minivan ကို High Class Minivan အဖြစ် ဖန်တီးလိုက်ပါသည်။ KIA Carnival ဟုလည်း လူသိများသည့် KIA Sedona ၏ New Model အား ၂၀၂၀ တွင် စတင်မိတ်ဆက်ခဲ့ပြီး အရွယ်ကြီးမားပြီး Boxy Design ရှိသော်လည်း ဆန်းသစ်မှုများစွာပါ ရှိထားသည့် New Model ကို လူအများအလွန်နှစ်သက်ခဲ့ပါသည်။ New Model သည် အလွန်ရှည်လျားပြီး KIA ၏ Logo အသစ်ဖြင့် တွေ့မြင်ရမည်ဖြစ်သည်။ ကား၏အတွင်းအခန်းအခင်းအကျင်းနှင့် ဒီဇိုင်းတို့အား Spaceship ကဲ့သို့ ဖန်တီးမှုဖြင့် မှီငြမ်းဖန်တီးထားကြောင်း KIA မှ ပြောကြားပါသည်။ Business Class ရှိသည့် ထိုင်ခုံ(၂)လုံးကို ထူးခြားစွာထည့်သွင်းထားသည့်အပြင် Fabric Side Curtains၊ HDMI နှင့် USB Port တို့ ပေါင်းစပ်ပါဝင်သည် 21 inch LCD Monitor တို့ကိုလည်း တွေ့မြင်ရမည်ဖြစ်သည်။ LED Cabin Lighting ကိုလည်း ပထမဆုံး အနေဖြင့် ထည့်သွင်းထားမည်ဖြစ်ကာ ဒုတိယနှင့် တတိယခုံတန်းများအတွက် LED အမျိုးအစား စာကြည့်မီးများလည်း ပါဝင်သည်။ Minivan ထုံးစံအတိုင်း Air Con ထိန်းချုပ်သည့် ခလုတ်များလည်း နောက်ခန်းတွင်ပါဝင်သည်။ New Sedona တွင် 3.5L V6 Petrol Engine နှင့် 2.2 L Turbo Diesel Engine ကို ရရှိမည်ဖြစ်ကာ 8 Speed Auto Gear ဖြင့် တွဲဆက်ထားပါသည်။ ၎င်းအား Sedona Hi Limousine ဟု KIA မှ သတ်မှတ်ထားပါသည်။

23 Jan 2021
0