Volvo ၏ EV Brand ဖြစ်သည့် Polestar သည် 2024 Polestar 2 EV အား မိတ်ဆက်လိုက်ပါသည်။ ၎င်းတွင် အဆင့်မြှင့်တင်မှုများပါဝင်လာပြီး 4-Door Hatchback အနေဖြင့် အထူးကောင်းမွန် သည့် Range နှင့် Power တို့လည်းပါဝင်ထားပါသည်။ Base ဖြစ်သည့် Single – Motor Type တွင် ( 299 hp ) , Dual – Motor Type တွင် ( 421 hp )  တို့အား တိုးမြင့်ထည့်သွင်းထားသည့်အပြင် ( 455 hp ) ပါဝင်သည့် Performance Package ကိုလည်း ရနိုင်ပါမည်။ Single – Motor Type သည် နောက်ဘီးယက်ဖြစ်ကာ Dual – Motor Type သည် AWD ဖြစ်ကာ ကား၏အပြင်ဖက် ဒီဇိုင်းတွင် ပြောင်းလဲမှုအချို့ ပါဝင်မည်ဖြစ်ပြီး အဓိကအားဖြင့် New Front Fiscal Design နှင့်အတူ New Alloy Design နှင့် Fully LED Taillight Bar Design ကဲ့သို့ ဆန်းသစ်သည့်အခင်းအကျင်းများဖြင့် ဖန်တီးထား ပါမည်။

ကား၏ အတွင်းခန်းသည် သပ်သပ်ရပ်ရပ်နှင့် Stylish Design ပုံစံရှိကာ အရွယ်ကြီးမားသည့် Central Display Screen နှင့် Gear Knob Design တို့သည် လူငယ်များအကြိုက်ကို အလေးထားဖန်တီး ခြင်းဟုဆိုရပါမည်။ EV Range အနေဖြင့် – Single Motor Type တွင် ( From 270 Miles up to 300 Miles ) အထိ တိုးမြှင့်ပေးထားသည်ကိုသိရှိရပါသည်။ Dual Motor Type ၏ EV Range သည် ယခင် Model နှင့်တူညီ မည်ဖြစ်သော်လည်း Efficiency အပိုင်းကို အဆင့်မြှင့်တင်ထားပါသည်။ ထို့အပြင် ( မြင်ကွင်းကျယ် အမိုးဖွင့်စနစ် )  ၊ ( Safety Suite ) ၊ ( Premium Leather ) ၊ ( Digital Cluster ) စသည့် Features များစွာလည်းပါဝင်ပြီး 2024 Polestar 2 အား ( USD 49800 ) မှ ( USD 53300 ) အတွင်း ဈေးနှုန်းများဖြင့် ရောင်းချမည်ဖြစ်ကာ Pilot Package သည် Standard ပါဝင်ပါမည်။

#DriveMediaMyanmar