BMW သည် New EV Platform ခေတ်သစ်ဖြစ်သည့် Neue Klasse ကိုမိတ်ဆက်မည်ဖြစ်ပြီး အလားတူ 2021 တွင်မိတ်ဆက်ခဲ့သည့် Concept ဖြစ်သည့် New I Vision Dee Concept ကိုယခုအခါ မိတ်ဆက်လိုက်ပါသည်။ BMW သည် နေ့စဉ်ဖြတ်သန်းရသည့် Digital World တွင် ကောင်းစွာပေါင်းစပ် ပါဝင်စေရန်နှင့် တမူထူးခြားသည့် အခင်းအကျင်းတို့ကို ခံစားရစေရန် ရည်ရွယ်ပြီး New I Vision Dee Concept ကို စိတ်ကူးပုံဖော်ခြင်း ဖြစ်သည်ဟု BMW ၏ Development Boss ဖြစ်သူ Frank Weber မှပြောကြားပါသည်။

New I Vision Dee Concept သည် 3 – Box , Mid – Size Model ပုံစံဖြစ်ပြီး Fully Digitized Theme ဖြင့် အဓိကပုံဖော်ထားမည်ဖြစ်ကာ Grille တွင်ပေါင်းစည်းထားသည့် Headlight Design ကဲ့သို့ ဆန်းသစ်သည့် Idea များစွာကိုလည်း ထည့်သွင်းထားပါသည်။ ၎င်းတွင် E Ink Technology ၊ ယာဉ်မောင်းဘက်အခြမ်းရှိ နောက်ကြည့်မှန်တွင် Senser ပါဝင်ပြီး သော့ရှိသူမှ ကားအနားချဉ်းကပ်လာပါက ကားတံခါး Auto ဖွင့်ပေးသည့် – Welcome Scenario Function ၊ တမူထူးခြားသည့် Body Color ပေါင်းစပ်မှု ( 32 ) မျိုး ၊ စသည့် ထူးခြားချက် များစွာပါဝင်ပါမည်။

ထို့အတူ ကား၏အတွင်းခန်းကိုလည်း ခေတ်လွန်ပုံစံမျိုး ခင်းကျင်းထား မည်ဖြစ်ကာ ( Mixed Reality Slider ) ဟု အမည်ပေးထားသည့် – 5 Stage of Information onto the Windscreen , Super – Advanced HUD System , I Vision Self – Driving Tech စသည့် နည်းပညာ များစွာကိုလည်း မိတ်ဆက်ထည့်သွင်းထားပါမည်။ BMW သည် ယခု I Vision Dee ၏ HUD System အား 2025 မှစတင်ကာ Production အနေဖြင့် အသုံးပြုရန် စီစဉ်ထားပါသည်။

#DriveMediaMyanmar