မြန်မာနိုင်ငံမှ ကားချစ်သူ၊ ကားဝါသနာရှင်တွေအတွက် ထူးခြားဆန်းသစ်တဲ့ မောင်းနှင်ခံစားမှုအရသာ အသစ်စက်စက်ကို တွေ့ကြုံခံစားနိုင်ဖို့ Changan Myanmar မှ အဆင့်မြင့်ကားသစ်တွေကို စတင်မိတ်ဆက် မွေးဖွားပေးခဲ့ပါပြီ။ ထိပ်တန်းကားကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်နေတဲ့ Changan Myanmar ဟာ နည်းပညာပိုင်း ဆန်းသစ်ပြည့်စုံမှုနှင့် စိတ်ချလုံခြုံမှုတို့ကို အပြည့်အဝပေးစွမ်းနိုင်တဲ့ အဆင့်မြင့်ကားသစ်များကို မြန်မာနိုင်ငံအတွင်း စတင်ရောင်းချပေးနေပြီဖြစ်ပါတယ်။

 

Changan ကို မရင်းနှီးသေးတဲ့ ကားချစ်သူ၊ ကားဝါသနာရှင်တွေအတွက် မိတ်ဆက်ပေးရမယ်ဆိုရင်တော့  Changan ကုမ္ပဏီဟာ ၁၈၆၂ နှစ်ကနေ စတင်သန္ဓေတည်ခဲ့တာဖြစ်ပြီး ကားထုတ်လုပ်မှုအပိုင်းကတော့ ၁၉၅၉ ခုနှစ်မှာ နိုင်ငံအတွင်း ပထမဆုံးသောကားတွေ စတင်ဖန်တီးထုတ်လုပ်ခဲ့ပါတယ်။ Changan ဟာ သူရဲ့ဆိုလိုရင်းကိုယ်၌က Chang ဆိုတဲ့ ရေရှည်ခံနိုင်စွမ်းနဲ့ An ဆိုတဲ့ လုံခြုံစိတ်ချရမှုကို ပေါင်းစပ်ခေါ်ဆိုတာဖြစ်ပြီး Brand အမည်ရဲ့ ဖော်ညွန်းမှုအတိုင်း ရေရှည်ခံပြီး လုံခြုံစိတ်ချရတဲ့ ကားတွေကို အကောင်းဆုံး ဖန်တီးမွေးဖွားပေးနေတာဖြစ်ပါတယ်။

 

ကာလရှည်ကြာ ရပ်တည်ခဲ့တဲ့ သမိုင်းနဲ့အတူ Changan Automobile ဟာ လက်ရှိမှာ World Wide Brand တစ်ခုအဖြစ်ရပ်တည်နေပြီး ကမ္ဘာ့နိုင်ငံပေါင်း (၆၀) ကျော်မှာ အဆင့်မြင့်ကားသစ်တွေကို ရောင်းချပေးလျက်ရှိပါတယ်။ Changan Automobile ဟာ လက်ရှိမှာ ကမ္ဘာ့ထိပ်တန်းကားကုမ္ပဏီဖြစ်တဲ့ Mazda၊ Ford၊ Landwind ကား Brand များနှင့် Joint Venture အဖြစ် အတူတူပူးပေါင်းလုပ်ဆောင်လျက်ရှိပြီး တရုတ်၊ အီတလီ၊ ဂျပန်၊ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံများမှာကိုယ်ပိုင် R & D Centers များထားရှိကာ အရည်အသွေးမှီ စိတ်ချလုံခြုံမှုရှိတဲ့ ခေတ်ရှေ့ပြေးကားများကို ထုတ်လုပ်လျက်ရှိနေပါတယ်။

 

နောက်ပိုင်းနှစ်တွေမှာ Changan Automobile ဟာ နှစ်စဉ် ကားအစီးရေ (၂)သန်းကျော် ထုတ်လုပ် ရောင်းချရလျက်ရှိပြီး ဈေးနှုန်းသင့်တင့်တဲ့ မော်တော်ယာဉ်တွေကို အများပြည်သူတွေ အသုံးပြုနိုင်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်ကို အကောင်းဆုံး အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ Changan က ဖန်တီးထုတ်လုပ်ခဲ့တဲ့ ကားတွေထဲမှာ CS 95Plus၊ UNI-T၊ CS 75Plus၊ CS 35Plus၊ EADO Plus နှင့် ALSVIN စတဲ့ မော်ဒယ်တွေကို လူကြိုက်များနှစ်သက်ပြီး မြန်မာနိုင်ငံဈေးကွက်ထဲမှာ ကနဦးအနေဲ့ CS 75Plus ကို ပွဲဦးထွက် မိတ်ဆက်ပေးသွားဖို့ရှိနေပါတယ်။

 

Changan ဟာ မော်ဒယ်အလိုက်ကားတွေမှာ အဆင့်မြင့် နည်းပညာသစ်တွေကို ဖြည့်ဆည်းပေးထားပြီး လုံခြုံစိတ်ချစွာ စီးနင်းလိုက်ပါနိုင်ဖို့အတွက် Intelligent Cruise Control (ICC)၊ Blindspot Detection (BSD)၊ Traffic-Sign Recognition (TSR)၊ Incall Vehicle Remote Control System ၊ Adaptive Cruise Control ၊Safety & Comfort Technology၊ Traction Control System၊ Speed-Sensing Automatic Lock စတဲ့ အဆင့်မြင့်လုံခြုံရေးနည်းပညာတွေကို ထည့်သွင်းပေးထားပါတယ်။

 

Changan မော်ဒယ်တွေရဲ့ ရုပ်ထွက်ဒီဇိုင်းပိုင်းဟာလည်း ကိုယ်ပိုင်ဆန်းသစ်မှုနဲ့ ဝင့်ကြွားမှုကို အကောင်းဆုံး ဖန်တီးထားတာကြောင့် အသက်အရွယ်အပိုင်းအခြားမရွေး ရင်ခုန်စိတ်လှုပ်ရှားစေမယ့် ခံစားမှုနဲ့ ယုံကြည်မှုရှိရှိ မောင်းနှင်းစီးနင်းလိုက်ပါဖို့ သိသာထင်ရှားစွာ ဖန်တီးပုံဖော်ထားတာကို မြင်တွေ့ရမှာပါ။

 

နောက်ထပ် ကျေနပ်စရာကောင်းတဲ့ အားသာချက်ကတော့ Changan ဟာ မြန်မာနိုင်ငံဈေးကွက်အတွက်လည်း အကောင်းဆုံးဝန်ဆောင်မှုပေးဖို့ သေချာပြင်ဆင်ထားပြီး မြန်မာနိုင်ငံမှာ အကြီးဆုံး SKD Factory ကို တည်ဆောက်ပြီးစီးခဲ့ပြီဖြစ်ပါတယ်။ Changan ဟာ မြန်မာဈေးကွက်အတွက် ပြင်ဆင်မှုအဖြစ် ရွှေပြည်သာမြို့နယ်မှာ (၁၄) ဧက အကျယ်အဝန်းရှိတဲ့ SKD Factory ကို ဆောက်လုပ်ခဲ့တာဖြစ်ပြီး Changan မှ ထုတ်လုပ်တဲ့ကားသစ်များနှင့် ဝန်ဆောင်မှုလစ်ဟင်းခြင်းမရှိစေရန်အတွက် ကားနဲ့ဆက်စပ် အပိုပစ္စည်းတွေကိုပါ ထုတ်လုပ်သွားမှာဖြစ်ပါတယ်။

 

နိုင်ငံတကာဈေးကွက်မှာ အရည်အသွေးပြည့်ကားတွေကို အောင်မြင်စွာရောင်းချနေတဲ့ Brand တစ်ခုဖြစ်တဲ့ Changan အနေနဲ့ ပြည်တွင်းဈေးကွက်မှာ  အကောင်းဆုံးပြင်ဆင်မှုတွေနဲ့ ထိုးဖောက်ဝင်ရောက်လာတာကို ကြိုဆိုရမှာပါ။ Changan ရဲ့ ရေရှည်ကြံ့ခိုင်မှုနဲ့ လုံခြုံစိတ်ချရမှုကို ပေးစွမ်းမယ့် နည်းပညာအဆင့်မြင့်ကားသစ်တွေကို စမ်းသပ်မောင်းနှင်ချင်တယ်၊ ဝယ်ယူအားပေးလိုတယ်ဆိုရင်တော့ Changan Myanmar ရဲ့ တရားဝင် Facebook စာမျက်နှာဖြစ်တဲ့ Changan Motor Myanmar မှာ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

 

ကားချစ်သူဝါသနာရှင်တွေအတွက် သတင်းကောင်းကတော့ Changan Myanmar Motor မှ လာမယ့် စက်တင်ဘာ (၂၅)ရက်နေ့ ညနေ ၆ နာရီမှာတော့ Factory Tour နှင့်အတူ Changan ရဲ့ ပထမဦဆုံး ကားကို တရားဝင်မိတ်ဆက်ပေးသွားမှာဖြစ်လို့ Changan Myanmar ရဲ့ ပြည်တွင်းစာမျက်နှာသစ်ဖွင့်လှစ်မယ့် အထူးမိတ်ဆက်ပွဲ live အစီအစဉ်ကို Changan Myanmar Facebook စာမျက်နှာမှာ စောင့်မျှော်ကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။