Toyota U.S.A သည် 2023 Venza Model အတွက် Night Shade Edition အားထူးခြားချက်များစွာပေါင်းစပ်ကာ Special Edition Model အနေဖြင့်ထုတ်လုပ်လိုက်ပါသည်။ 2023 Venza Night Shade Edition တွင် Blacked out Appearance နှင့် Star Gaze Panoramic Roof ကဲ့သို့ထူးခြားသည့် ပါဝင်မှုများစွာပါရှိပါမည်။ Electro chromic Glass ဖြင့်အထူးဖန်တီးထားသည့် Star Gaze မြင်ကွင်းကျယ်အမိုးဖွင့် စနစ်သည် ပုံမှန်အားဖြင့် Venza ၏ Top Limited Trim တွင်ရနိုင်သော်လည်းယခု Night Shade Edition တွင်ထည့်သွင်းထားပါသည်။ 2023 Venza Night Shade Edition အား U.S.A တွင် ( USD 39000 ) ဝန်းကျင်ခန့်ဖြင့် ရောင်းချမည်ဖြစ်သည်။ အဆိုပါ Edition Model တွင် New Acrylic Front Grille Trim အားတမူထူးခြားစွာ ဖန်တီးထားမည်ဖြစ်ကာ ကားဘေးနောက်ကြည့်မှန် ၊ တံခါးလက်ကိုင် ၊ Sharkfin Antenna ၊ Rocker Panels တို့တွင် Gloss Black Accent ကိုပေါင်းစပ်ထားပါမည်။

 

အလားတူ – Black Roof Rails ၊ 19-inch Gloss Black Wheels စသည့် Features များလည်း ပါဝင်မည်ဖြစ်ကာ အပြင်ဆေးရောင်အနေဖြင့် – Celestial Black , Ruby Flare Red , Wind Chill Pearl ဟူ၍ Premium Color (၃) ရောင်ရရှိနိုင်ပါမည်။ ၎င်းတို့တွင် လုံခြုံရေးဆိုင်ရာနည်းပညာများစွာ ပေါင်းစပ်ထားသည့် – Toyota’s Safety Sense 2.5 Suite ပါဝင်မည်ဖြစ်ကာ – Steering Assist , Adaptive Cruise Control , Lane Tracing , Pre-Collision Sensing အစရှိသည့် Safety Techs များစွာပါဝင်ပါမည်။ ၎င်းအား TNGA-K Platform တွင်ဖန်တီးတည်ဆောက်ထားကာ – 2.5 LI4 Engine နှင့်လျှပ်စစ်မော်တာ (၃) ခု ပေါင်းစပ်ပါဝင်မည်ဖြစ်ပြီး ( Combined 219 hp output ) ရရှိပါမည်။

#DriveMediaMyanmar