SEAT ၏ High – Performance Sub – Brand ဖြစ်သည့် Cupra သည် New Hatchback Model တမျိုးဖြစ်သည့် Cupra leon VZ Cup အား မိတ်ဆက်ဖန်တီး လိုက်ပါသည်။ ၎င်းအား Hatchback နှင့် Wagon ပုံစံ ( ၂ ) မျိုး ထုတ်လုပ်မည်ဖြစ်ကာ ဒီဇိုင်းအား သမားရိုးကျ Cupra leon ထက်ပို၍ ဆန်းသစ်စွာဖြင့် ဖန်တီး ထားပါသည်။ Aerodynamic ဆန်သည့်အပြင်ဖက်ဒီဇိုင်းတွင် Carbon Fiber Spoiler / Copper Finish / Dark Alu Side Skirts ကဲ့သို့ Features များထည့်သွင်းထားမည့်အပြင် – 19 – inch Alloy နှင့် Performance Times တို့လည်း ပေါင်းစပ်ပါဝင်ပါမည်။ ခေတ်ဆန်မှုကို အလေးထားဖန်တီးထားသည့် VZ Cup အတွင်းခန်း အခင်း အကျင်းတွင် ထိုင်ခုံများ ၊ Steering နှင့် Dashboard နေရာတို့အား Genuine Black နှင့် Petrol Blue Leather တို့ကို အသုံးပြုထားပါမည်။
အလားတူ Cupra Formetor VZ 5 Crossover တွင် အသုံးပြုထားသည့် Copper Finish ကိုလည်း ရရှိနိုင်ပါမည်။ Cupra leon VZ Cup သည် PHEV အမျိုးအစားကားဖြစ်ကာ အင်ဂျင်အနေဖြင့် – 1 .4 L Turbocharged Petrol Engine နှင့်လျှပ်စစ်မော်တာတို့တွဲဖက်ထားမည်ဖြစ်ပြီး Total Output အနေဖြင့် ( 24 2 hp / 130 kw ) ၊ ( 295 / b – Ft of Torque ) ရရှိပါမည်။ AWD Wagon Model တွင်မှု ( 2.0 L TSI Engine ) 306 hp အင်ဂျင်ပါဝင်ပါမည်။ Cupra Model Lineup များတွင် SEAT ၏ Logo ကို အသုံးပြုထားပါသည်။ Leon V2 Cup Model များအား 2022 March တွင် စတင်ရောင်းချမည်ဖြစ်ကာ Cupra Brand ၏ Matrorell Facility တွင် တပ်ဆင်ထုတ်လုပ်ပါသည်။