Honda သည် နာမည်ကျော် Civic Hatchback ၏ 2022 Model အား နမူနာ မိတ်ဆက်ပြသ လိုက်ပါသည်။ အသစ်ထွက်ရှိသည့် 2022 Civic Hatchback သည် 2021 April တွင် မိတ်ဆက်ခဲ့ သည့် 2022 Civic Sedan နှင့် များစွာ တူညီကာ Hatch အနေအထားသည်သာ ပုံစံအသစ်ဖြစ်သည်။ New Civic Hatchback ၏ ဒီဇိုင်းအား Accord ထံမှ ရယူထားပြီး သွယ်လျသည့် Body Style ၊ တံခါး လက်ကိုင် ဒီဇိုင်းအသစ်နှင့် Lower Door Design တို့သည် Civic ချစ်သူများကို ကျေနပ်စေပါသည်။ New Civic Hatchback တွင်တမူထူးခြားသည့် Taillight Design ကဲ့သို့ ဆန်းသစ်မှုများ ပါဝင်သော် လည်း Civic ၏ မူပိုင်အလှတရားကိုသာ အခြေခံထားပြီး ဆန်းသစ်ထားသည်ဟု Honda မှ ဆိုထား ပါသည်။ ၎င်းတွင် Sporty Version ကိုလည်း ရနိုင်ဖွယ်ရှိပါသည်။ ထိုကဲ့သု့ိ ဆန်းသစ်သည့် ဒီဇိုင်းအပြင် ကျယ်ဝန်းသပ်ရပ်သည့် အတွင်းခန်း အခင်းအကျင်းနှင့်အတူ နောက်ဆုံးပေါ် Honda Sensing Safety System / Digital Display နှင့် အခြား ခေတ်မှီပါဝင်မှုများစွာကို ထည့်သွင်းထား သည့်အပြင် ( 9.0 inch Infotainment Display ) ၊ ( 12 – Speaker BOSE Stereo ) တို့ကိုလည်း မှာယူနိုင်ပါမည်။ ၎င်းတွင် အင်ဂျင်အနေဖြင့် ( 2.0 L Engine ) ၊ ( 158 hp ) ( သို့ ) ( 1.5 L Turbocharged ) ၊ ( 180 hp ) အင်ဂျင်တို့နှင့် CVT Auto Gear တို့ ပေါင်းစပ်ထားမည့် အပြင် ( 6 – Speed Manual Gearbox ) ကိုလည်း ရနိုင်ပါမည်။ Honda သည် 2022 Civic Hatchback Model အား 2021 June 23 တွင် မိတ်ဆက်မည် ဖြစ်သည်။