Aston Martin သည် V12 Engine Model များအား 333 Special Edition Model အနေဖြင့်သာ နောက်ဆုံးထုတ်လုပ်မည်ဖြစ်ပြီး နောက်ပိုင်းတွင် ရပ်ဆိုင်းမည်ဖြစ်သည်။ အထူးထုတ်အနေဖြင့် ဖန်တီးမည့် Special V12 Vantage Coupe များသည် Aston Martin Line up တွင် စွမ်းဆောင်ရည် အမြင့်ဆုံး Model များလည်းဖြစ်ပါမည်။ ၎င်းတို့တွင် – 5 .2 L Turbocharged  V12 Engine ကို  အသုံးပြုပြီး DB 11, DB 12 , Superlaggera တို့တွင် တပ်ဆင်ထားပါသည်။ အဆိုပါ V12 Engine သည် (690 hp ) ရှိပြီး ၎င်းအား ( 8 – Speed Auto gear ) နှင့် တွဲဖက်ထားပါသည်။ Performance အနေဖြင့်  ( 0 to 60 mph ) အား ( 3.4 Seconds ) ဖြင့် ရောက်နိုင်ပါသည်။ Special Edition Vantage တွင် V 12  Engine အပြင် Suspension အဆင့်မြှင့်တင်ခြင်း နှင့် Special Body work တို့လည်း ပါဝင်မည်ဖြစ်ကာ အဆင့်မြှင့်တင်ထားသည့် Rear Suspension တွင် Tender Springs များလည်း ပေါင်းစပ်ထားပါမည်။ အနောက်ဖက် Bumper နှင့် Trunk Lid တို့အား Light weight  Composite ဖြင့် ဖန်တီးထားပါမည်။

 

Carbon Ceramic  Brakes များအား Standard အနေဖြင့် ထည့်သွင်းထားသည့်အပြင် Michelin Pilot Sport 4 S Type နှင့် 21 – inch Wheels ကိုလည်း ပါဝင်ပါသည်။ အတွင်းခန်း အခင်းအကျင်းအနေဖြင့် VB Vantage Model များနှင့် တူညီမည်ဖြစ်ပြီး Quilted – leather Sport Seats ၊ ကဲ့သို့ ထူးခြားမှုများစွာ ပါဝင်ပါမည်။ ၎င်းအား အစင်းရေ ( ၃၃၃ ) စင်းသာ ကန့်သတ် ထုတ်လုပ်မည်ဖြစ်ပြီး ယခုအခါ စတင်ရောင်းချလျက်ရှိပါသည်။ Aston Martin ၏ Vantage Model များသည် Performance အနေဖြင့် အထူးကောင်းမွန်မှုရှိသကဲ့သို့ လှပဆန်းသစ်သည် ဒီဇိုင်းနှင့် အထူးခမ်းနားသည့် အခင်းအကျင်းများလည်း ပိုင်ဆိုင်ထားပါသည်။

#DriveMediaMyanmar