Aston Martin ၏ ပထမဆုံး SUV ဖြစ်သည့် DBX သည် Performance SUV များတွင် များစွာထင်ရှားလျှက်ရှိသည့် Model ဖြစ်သည်။ Aston Martin သည် New 2023 DBX 707 အား ထူးခြားချက်များစွာဖြင့် ပွဲထုတ်လိုက်ပြီး ၎င်းသည် ပုံမှန် DBX  Model ထက်ပို၍ လျှင်မြန်သည့် Performance SUV အနေအထားရှိသည့်အပြင် ထူးခြားသည့် ပြောင်းလဲဆန်းသစ်မှု အချို့ကိုလည်း ထည့်သွင်းထားသည်ဟု Aston Martin ၏ CEO မှ ပြောကြားပါသည်။ New DBX 707 တွင် ( 4.0 L AMG V8 – Engine ) ၏ Upgraded Version Engine ပါဝင်မည်ဖြစ်ကာ ၎င်းအင်ဂျင်အား In – House Engineering  အနေဖြင့် ဖန်တီးထားပါသည်။ အဆိုပါ အင်ဂျင်တွင် – ( New Ball – Bearing Turbochargers ) များ ပါဝင်ပြီး Total Output သည် 697 hp ဖြစ်ပါသည်။

 

DBX 707 သည် Metric Horsepower  ကိုမှီငြမ်းခေါ်ဆိုခြင်းဖြစ်သည်။ DBX 707  Model ၏ ( HP ) သည် ပုံမှန် DBX Model ထက် ( 155 hp ) ပိုများသည့်အပြင် အခြားပြိုင်ဖက် Model များဖြစ်ကြသည့် Lamborghini Urus  – 641 hp ၊ Porsche Cayenne Turbo S E – Hybrid – 670 hp ၊ တို့ထက်လည်း  ( HP ) ပိုများပါသည်။ ၎င်းတွင် ( 9 – Speed Gearbox ) နှင့် ( Wet – clutch Pack ) တို့ပေါင်းစပ်ပါဝင်မည့်အပြင် Carbon – Ceramic Brakes ၊ 22 – inch Wheels ၊ ကဲ့သို့ Sporty Features များလည်း ပါဝင်ပါမည်။ ကား၏ဒီဇိုင်းသည့် Stylish and Sporty  Design ဖြစ်ကာ အရွယ်ကြီးမားသည့် အရှေ့ဖက် Grille နှင့် အတူ Massive Diffuser ၊ Quad Exhaust Tips တို့လည်း ပါဝင်ပါမည်။ အထူးလှပပြီး Sporty ဆန်သည့် အတွင်းခန်းအခင်းအကျင်းရှိသည့် DBX 707 တွင် New Sport Seats ၊ Driving Mode ၊ Adaptive Suspension ၊ Active Exhaust System တို့ပါဝင်ပါမည်။ 2023 DBX 707 အား 2022 နှစ်ကုန်ပိုင်းခန့်တွင် စတင်ရောင်းချမည်ဖြစ်ကာ ( USD 235,000 ) ခန့်ဖြင့် စတင်ရောင်းချပါမည်။

#DriveMediaMyanmar