နှစ်( ၂၀ ) ကျော်ခန့်ရပ်နားထားခဲ့သည့် Integra အား Acura သည်မကြာခင်က ပြန်လည်မိတ်ဆက်ခဲ့ပြီးယခုအခါ 2023 Integra Model အား  ( USD 31800 ) ခန့်မှစ၍ရောင်းချမည်ဖြစ်ကာ 2022 နွေရာသီတွင် စတင်ရောင်းချပါမည်။ ၎င်းတွင် Civic Si တွင်ပါဝင်သည့် Turbo I4 Engine ပါဝင်ပြီး Options များစွာလည်းပါဝင်ပါမည်။ Gearbox အနေဖြင့် CVT Autocratic  နှင့်အတူ 6 – Speed Manual Gear ကိုလည်းထူးခြားစွာ ထည့်သွင်းထားမည်ဖြစ်ကာ Manual Gear Version ဆိုပါက ( USD 36800 ) ခန့်ကျသင့်ပါမည်။ Integral Manual Version တွင် A – Spec နှင့်အတူ Limited – Slip Differential ၊ Adaptive  Dampers ၊ HUD ၊ ကြိုးမဲ့ဖုန်းအားသွင်းခြင်းစနစ် ၊ စသည့်ပါဝင်မှုများ ပေါင်းစပ်ထားသည့် –  Technology Package တို့ပါဝင်မည်။

 

လူငယ်များအတွက် Appearance Package လည်းရနိုင်မည့်အပြင်၎င်းတွင် – Black Trim ၊ Lip Spoiler ၊ 18 – inch Wheels ၊ A – Spec Badge တို့ပါဝင်မည်ဖြစ်ပြီး ၎င်း၏အတွင်းခန်းတွင် Steel ခြေနင်းများ ၊ Red Needles on the Gauges ၊ Red Stitching ၊ တို့ပါဝင်မည်။ Acura Integra တွင် All – Season Tires များကိုလည်းရနိုင်ပါမည်။ 2023 Integra တွင် အင်ဂျင်အနေဖြင့် – 1.5 L Turbocharged I4 Engine ၊ 200 hp  ၊ 192 lb – ft of Torque ၊ အင်ဂျင်ကို အသုံးပြုထားပါမည်။ Integra Manual ၏ Performance သည် 0 to 60 mph အား – 6.8 Seconds ဖြင့်အမြန်ဆုံးရောက်နိုင်မည်ဖြစ်ပါသည်။ သို့ရာတွင် 2022 June တွင် Market အတော်များများသို့ ရောက်ရှိမည့် 2023 Integra အနေဖြင့် Type S နှင့် R Model ကဲ့သို့  Special Trim များရနိုင် / မရနိုင်အား Acura မှပြောကြားထားခြင်းမရှိသေးပါ။

#DriveMediaMyanmar