နည္းပညာသစ္မ်ား ျဖည့္ဆည္းထားသည့္ 2019 Range Rover Evoque ကို မိတ္ဆက္

Zawgyi Version……..
Capital Automotive သည္ ဆန္းသစ္သည့္နည္းပညာမ်ား ျဖည့္ဆည္းထားသည့္ 2019 New Range Rover Evoque ကို ၿပီးခဲ့သည့္ ဇူလိုင္(၂၆)ရက္ေန႔က မိတ္ဆက္ျပသသြားခဲ့သည္။
မိတ္ဆတ္လိုက္သည့္ ေမာ္ဒယ္သစ္တြင္ ယခင္ေမာ္ဒယ္ထက္ ပိုမုိေကာင္းမြန္သည့္ ဒီဇုိင္းပိုင္း၊ ဆန္းသစ္သည့္ နည္းပညာပိုင္းမ်ား ျဖည့္ဆည္းထားၿပီး စြမ္းေဆာင္ရည္ႏွင့္ ႀကံ့ခုိင္မႈပိုင္းတြင္ ၿပီးျပည့္စံုသည့္ Luxury SUV ကားတစ္စီးအျဖစ္ ျမင္ေတြ႕ရမည္ျဖစ္သည္။
2019 New Range Rover ၏ အျပင္ဒီဇုိင္းပိုင္းတြင္ နည္းပညာျမင့္ 3rd Deneration LED Headlights မ်ား၊ ဆန္းသစ္ထားသည့္ Bumpers ႏွင့္ Grille၊ ဆြဲေဆာင္မႈရိွသည့္ တံခါးအတြင္းသို႔ ျမဳပ္ထားသည့္ တံခါးလက္ကိုင္တုိ႔ကို ျမင္ေတြ႕ရမည္ျဖစ္သည္။
နည္းပညာပိုင္းတြင္ ကမၻာ့ပထမဆံုးျဖစ္သည့္ ClearSight Ground View ပါဝင္လာၿပီး အေရွ႕ Grille ႏွင့္ နံေဘးဘက္ေနာက္ၾကည့္ မွန္မ်ားေပၚတြင္ တပ္ဆင္ထားသည့္ ကင္မရာမ်ားမွတဆင့္ ကားအေရွ႕ျမင္ကြင္းကို Dashboard Touch Screen တြင္ ျပသေပးမည္ျဖစ္သည္။ က်ဥ္းေျမာင္းေသာလမ္းမ်ားတြင္လည္း ကား၏ အေရွ႕ေအာက္ပိုင္းကို ပတ္ပတ္လည္ျမင္ေတြ႕ႏုိင္မည္ျဖစ္တာေၾကာင့္ လြယ္ကူစြာေက်ာ္ျဖတ္ႏုိင္မည္ျဖစ္ၿပီး Driver Assistance နည္းပညာကိုလည္း ထည့္သြင္းထားသည္။
အျခားထူးျခားသည့္ နည္းပညာအျဖစ္ ကား၏ေနာက္ခန္းအတြင္း ပစၥည္းတင္ေဆာင္ထားေသာေၾကာင့္ အေနာက္ဘက္ ျမင္ကြင္းကြယ္ေနခ်ိန္မ်ားတြင္ ေနာက္ေခါင္မုိးေပၚတြင္ရိွေသာ ကင္မရာမွတဆင့္ အေနာက္ဘက္ျမင္ကြင္းမ်ားကို Clearsight Rear View Mirror ေနာက္ၾကည့္မွန္မွ HD ဗီဒီယိုအျဖစ္ ေဖာ္ျပေပးမည္ျဖစ္သည္။
ေမာင္းႏွင္မႈပိုင္းတြင္လည္း All-terrain capability၊ Wading Ability၊ WadeSensing ႏွင့္ Terrain Response 2 အဆင့္ျမင့္နည္းပညာမ်ားေၾကာင့္ ခက္ခဲၾကမ္းတမ္းသည့္ လမ္းခရီးမ်ားကို အေကာင္းဆံုးျဖတ္ေက်ာ္ႏုိင္မည့္ ကားတစ္စီးျဖစ္ေၾကာင္း သိရသည္။
2019 New Range Rover ကို အေမရိကန္ေဒၚလာ (၇၀,၀၀၀) မွ (၁၂၅,၀၀၀) အထိ Trim Level အလိုက္ေစ်းမ်ားျဖင့္ ဝယ္ယူႏုိင္မည္ျဖစ္ၿပီး အေရာင္(၁၁) မ်ိဳးထိ ေရြးခ်ယ္ႏုိင္ေၾကာင္း သိရသည္။

Unicode Version…..
နည်းပညာသစ်များ ဖြည့်ဆည်းထားသည့် 2019 Range Rover Evoque ကို မိတ်ဆက်
———————————————————-
Capital Automotive သည် ဆန်းသစ်သည့်နည်းပညာများ ဖြည့်ဆည်းထားသည့် 2019 New Range Rover Evoque ကို ပြီးခဲ့သည့် ဇူလိုင်(၂၆)ရက်နေ့က မိတ်ဆက်ပြသသွားခဲ့သည်။
မိတ်ဆတ်လိုက်သည့် မော်ဒယ်သစ်တွင် ယခင်မော်ဒယ်ထက် ပိုမိုကောင်းမွန်သည့် ဒီဇိုင်းပိုင်း၊ ဆန်းသစ်သည့် နည်းပညာပိုင်းများ ဖြည့်ဆည်းထားပြီး စွမ်းဆောင်ရည်နှင့် ကြံ့ခိုင်မှုပိုင်းတွင် ပြီးပြည့်စုံသည့် Luxury SUV ကားတစ်စီးအဖြစ် မြင်တွေ့ရမည်ဖြစ်သည်။
2019 New Range Rover ၏ အပြင်ဒီဇိုင်းပိုင်းတွင် နည်းပညာမြင့် 3rd Deneration LED Headlights များ၊ ဆန်းသစ်ထားသည့် Bumpers နှင့် Grille၊ ဆွဲဆောင်မှုရှိသည့် တံခါးအတွင်းသို့ မြုပ်ထားသည့် တံခါးလက်ကိုင်တို့ကို မြင်တွေ့ရမည်ဖြစ်သည်။
နည်းပညာပိုင်းတွင် ကမ္ဘာ့ပထမဆုံးဖြစ်သည့် ClearSight Ground View ပါဝင်လာပြီး အရှေ့ Grille နှင့် နံဘေးဘက်နောက်ကြည့် မှန်များပေါ်တွင် တပ်ဆင်ထားသည့် ကင်မရာများမှတဆင့် ကားအရှေ့မြင်ကွင်းကို Dashboard Touch Screen တွင် ပြသပေးမည်ဖြစ်သည်။ ကျဉ်းမြောင်းသောလမ်းများတွင်လည်း ကား၏ အရှေ့အောက်ပိုင်းကို ပတ်ပတ်လည်မြင်တွေ့နိုင်မည်ဖြစ်တာကြောင့် လွယ်ကူစွာကျော်ဖြတ်နိုင်မည်ဖြစ်ပြီး Driver Assistance နည်းပညာကိုလည်း ထည့်သွင်းထားသည်။
အခြားထူးခြားသည့် နည်းပညာအဖြစ် ကား၏နောက်ခန်းအတွင်း ပစ္စည်းတင်ဆောင်ထားသောကြောင့် အနောက်ဘက် မြင်ကွင်းကွယ်နေချိန်များတွင် နောက်ခေါင်မိုးပေါ်တွင်ရှိသော ကင်မရာမှတဆင့် အနောက်ဘက်မြင်ကွင်းများကို Clearsight Rear View Mirror နောက်ကြည့်မှန်မှ HD ဗီဒီယိုအဖြစ် ဖော်ပြပေးမည်ဖြစ်သည်။
မောင်းနှင်မှုပိုင်းတွင်လည်း All-terrain capability၊ Wading Ability၊ WadeSensing နှင့် Terrain Response 2 အဆင့်မြင့်နည်းပညာများကြောင့် ခက်ခဲကြမ်းတမ်းသည့် လမ်းခရီးများကို အကောင်းဆုံးဖြတ်ကျော်နိုင်မည့် ကားတစ်စီးဖြစ်ကြောင်း သိရသည်။
2019 New Range Rover ကို အမေရိကန်ဒေါ်လာ (၇၀,၀၀၀) မှ (၁၂၅,၀၀၀) အထိ Trim Level အလိုက်ဈေးများဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး အရောင်(၁၁) မျိုးထိ ရွေးချယ်နိုင်ကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here