GM မှ ဒီဇိုင်းနဲ့ Develop တို့ကို အထူးစီမံဖန်တီးထားသည့် Cadillac Lyriq EV Model တွင် အလွန်ထူးခြားသည့် Infotainment System လည်း အပါအဝင်ဖြစ်သည်။ Cadillac ၏ မှတ်တိုင်စိုက်ထူနိုင်မှု အထိမ်းအမှတ်တစ်ခုဖြစ်သည့် CUE – Cadillac User Experiences Feature ကို အဓိကထည့်သွင်းထားသည့် New Infotainment သည် (၃၃)လက်မ အရှည်ရှိပြီး သွယ်လျသည့် LED screen အဖြစ်မြင်တွေ့ရမည်ဖြစ်ကာ Dashboard တစ်ခုလုံးနီးပါးကို နေရာယူထားပါမည်။ Screen Type အား အကောင်းဆုံးတုံ့ပြန်နိုင်သည့် နည်းပညာနှင့် တိကျကြည်လင်သည့် Resolution တို့ဖြင့် ထူးခြားစွာဖန်တီးထားသည်။ ဗြိတိသျှ Creative Agency ဖြစ်သည့် Territory Studio ၏ ဒီဇိုင်းဖန်တီးမှုများကိုလည်း အသုံးပြုထားပါသည်။ Digital ဆိုင်ရာ ဖန်တီးမှုများအတွက် Right Point Digital Company ၏ လက်ရာများကိုလည်း ထည့်သွင်းထားပါသည်။ အဆိုပါ Display Screen တွင် အဓိကအပိုင်း(၂)ရပ် ပါဝင်မည်ဖြစ်ပြီး ၎င်းတို့မှာ Driver’s Mood နှင့် သီးခြားထိန်းချုပ်ခြင်း ဆိုင်ရာတို့ဖြစ်သည်။ Dashboard အနားရှိ Screen နေရာအောက်တွင် မရှိမဖြစ်ထည့်သွင်းရမည့် ခလုတ်အချို့ပါဝင်မည်ဖြစ်သည်။ Infotainment System တွင် Color Theme ရွေးချယ်မှုများလည်း ပါဝင်မည်ဖြစ်သည့်အတွက် Google Map Icon အသုံးပြုခြင်းတွင် အလွန်အဆင်ပြေပါမည်။ ကားအတွက်လိုအပ်သည့် သတင်းအချက်အလက်များ၊ Driving Assist System များကို Menu List ဖြင့် သေသေချာချာခွဲထားခြင်း၊ Wifi ချိတ်ဆက်မှု၊ Voice Control စသည့် ဆောင်ရွက်မှုများကိုလည်း ရရှိနိုင်ပါသည်။ Cadillac အနေဖြင့် New Lyriq EV ၏ အသေးစိတ်အချက်အလက်များအား မကြာခင် ကြေညာမည်ဟု ဆိုထားပါသည်။