အခြေအနေအရပ်ရပ်ကြောင့် ဒီကာလမှာ ကားချစ်သူပရိတ်သတ်တွေအတွက် ပြည်တွင်းဈေးကွက်အတွင်း Brand New ကားသစ် မိတ်ဆက်ပွဲတွေနဲ့ အတော်လေး အလှမ်းဝေးနေခဲ့တာကြောင့် အေးတိအေးစက် ဖြစ်နေမှာပါ။ ဒါပေမယ့် Changan Myanmar Motor ကတော့ ကားချစ်သူပရိတ်သတ်တွေအတွက် ပြည်တွင်းဈေးကွက်အတွင်း Brand New ကားသစ်တွေ မိတ်ဆက်ပေးဖို့ အမြဲတမ်း ကြိုးစားနေပြီး ၂၀၂၂ နှစ်သစ်အတွက်လည်း ရင်ခုန်စိတ်လှုပ်ရှားစရာ အသစ်တွေ ယူဆောင်လာပေးဖို့ အသင့်ဖြစ်နေခဲ့ပါပြီ။
Changan Myanmar Motor ဟာ နှစ်သစ်မှာ ပထမဦးဆုံးအနေနဲ့ ဈေးကွက်အတွင်း မိတ်ဆက်မှုအဖြစ် Online Brand Launching Event အစီအစဉ်ကို ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချသွားမယ့် Changan CS75 Plus နဲ့ Alsvin တို့ကို အသေးစိတ် မိတ်ဆက်ပြသသွားမှာ ဖြစ်ပါတယ်။ Changan Myanmar Motor ကို ၂၀၂၁ စက်တင်ဘာလမှာ ပြည်တွင်းမှာ တရားဝင် စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး Brand ရဲ့ နာမည်ကျော် Family SUV မော်ဒယ်ဖြစ်တဲ့ CS75 Plus ကို Factory Tour နှင့်အတူဈေးကွက်အတွင်း စတင်ဖြန့်ချီ မိတ်ဆက်ခဲ့ပါသေးတယ်။
Changan Myanmar Motor ရဲ့ နောက်ထပ်ခြေလှမ်းဖြစ်တဲ့၊ ၂၀၂၂ နှစ်သစ်မှာ ပွဲဦးထွက် မိတ်ဆက်မယ့် Alsvin နဲ့ ရောင်းအားအကောင်းဆုံးဖြစ်တဲ့ CS75 Plus တို့ရဲ့ အသေးစိတ်အချက်အလက်တွေနဲ့ မြင့်မားတဲ့စွမ်းဆောင်ရည်တွေအကြောင်းကို လာမယ့် February 5 ရက် (စနေည) ည ၆ နာရီ တိတိမှာ Online Brand Launching Event ကို Changan Myanmar Motor Official Page ကနေတဆင့် ကားချစ်သူပရိတ်တွေနဲ့အတူ ရင်ခုန်စွာစောင့်ကြည့်ကြရအောင်ပါ။