Toyota North America သည်၎င်း၏ SUV Family တွင်ထင်ရှားသည့် 4 – Runner Model ၏ထုတ်လုပ်မှုနှစ်( ၄၀ ) ပြည့်အထိမ်းအမှတ်အတွက် 2023 4 Runner 40 Years Edition အားအစင်းရေ (4040) သာ U.S.A အတွက်ထုတ်လုပ်မည်ဖြစ်ကာ၎င်း Model အား 4 Runner SR 5 ကိုအခြေခံကာ ဖန်တီးထားပါသည်။  အဆိုပါ Edition Model တွင် Black ၊ White ၊ Red Metallic Grille ၊ Unique Bronze Wheels ၊ Special Tailgate Badging ၊ အဝါ ၊ အနီ ၊ လိမ္မော်ရောင် Racing Stripes Line များအားကားအပြင်ဖက်တွင် ပေါင်းစပ်ပေးထားခြင်း ၊ စသည့်ထူးခြားချက်များပါဝင်မည်ဖြစ်ကာ – Retro – inspired Heritage Graphic Package ကိုလည်း ထည့်သွင်းပေးထားပါသည်။

 

ထို့အပြင်အတွင်းခန်းတွင်လည်း Exclusive Badging ၊ Power Moon roof ၊ Bronze – Colored Stitching အား Shift knob နှင့်ထိုင်ခုံများတွင် ထည့်သွင်းပေးခြင်း ၊  Dashboard ညာဖက်ထောင့်နေရာတွင် ( 40th 4 Runner ) ကိုတပ်ဆင်ထားခြင်း ၊ စသည့်ထူးခြားချက်များကို တွေ့မြင်ရပါမည်။ Toyota သည် 1993 တွင် ပထမဆုံး 4 Runner အားစတင်ထုတ်လုပ်ရောင်းချခဲ့ပါသည်။ ပထမဆုံးဖန်တီးသည့် 4 Runner / Surf Model များတွင်စွမ်းဆောင်ရည်အထူးမြင့်မားပြီး ကြာရှည်လည်းခံသည့် Hilux Engine ကိုအသုံးပြုခဲ့ပါသည်။ နောက်ပိုင်းထုတ်လုပ်သည့်  4 Runner Model များတွင် Toyota ၏ KDSS Suspension System အပါအဝင် Advance Features များစွာပါဝင်လာပါသည်။

#DriveMediaMyanmar