Genesis သည် Redesigned G 90 Model အား L A ကားပြပွဲတွင် မိတ်ဆက်ခဲ့ပြီး 2020 Model အနေဖြင့် ရောင်းချမည်ဖြစ်သည်။ Model အသစ်အား မျိုးဆက်သစ်ဖန်တီးမှု၏ Styling Language အနေဖြင့် ထူးခြားဆန်းသစ်စွာ ဒီဇိုင်းထုတ်ထားပြီး Shield – Shaped Grille အား ပေါ်လွင်ထင်ရှားစွာ တပ်ဆင်ထားပါသည်။ LED အစင်းများပါရှိသည့် အရှေ့မီးကြီးအား ထောင့်ချွန်များဖြင့် ဖန်တီးထားပြီး အလျားအလိုက်ကျနစွာ တပ်ဆင်ထားသည့် Light Bar အား ကားအနောက်တွင် တင်ဆက်ထားမည်ဖြစ်သည်။ ထိုအပြင် အဆင်မြှင့်တင်ထားသည့် Over – the – air Software အား G 90 တွင် ပထမဆုံး အသုံးပြုထားပြီး ( 12.3 inch Touchscreen ) မှ ကြည့်ရှုထိန်းချုပ်နိုင်ပါမည်။ Chrome ၊ သားရေနှင့် Open – Pore Wood တို့အား အတွင်းခန်းအပြည့် ခင်းကျင်းထားပြီး အရည်အသွေးမြင့် ပစ္စည်းများကိုသာ ရွေးချယ်ထည့်သွင်းထားပါသည်။ 2020 G 90 တွင် ( 3.3 T Premium ) နှင့် ( 5.0 Ultimate ) ဟူ၍ Trim ( ၂ ) မျိုး ပါရှိမည်ဖြစ်ကာ ( 8 – Speed Auto gear ) ဖြင့် တွဲဖက်ထားပါသည်မည်။ ၎င်းအား အမေရိကန်၌ ယခုနှစ် December တွင် စတင်ရောင်းချမည်ဖြစ်ပြီး AWD System ကို Optional အနေဖြင့် ထည့်သွင်းထားပါမည်။

Zawgyi Version………
ပြည်စုံသည့်ဖန်တီးမှုများဖြင့် ထွက်ရှိလာသည့် 2020 Genesis G 90
