စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီ၏ထုတ်ပြန်ချက်အရ တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ ပြန်လည်မြင့်တက်လာသည်ကိုတွေ့ရပါသည်။
ရန်ကုန်တိုင်းဒေသကြီးအတွက် ၉၂ တစ်လီတာလျှင် ၂၁၄၀ ကျပ်၊ ၉၅ တစ်လီတာလျှင် ၂၂၁၀ကျပ်၊ HSD (500ppm) တစ်လီတာလျှင် ၂၄၄၀ ကျပ်၊ HSD (50ppm) တစ်လီတာလျှင် ၂၅၁၅ ကျပ်နှင့် HSD (10ppm) တစ်လီတာလျှင် ၂၅၁၅ ကျပ် စသည်ဖြင့်အသီးသီးထုတ်ပြန်ထားပါသည်။