ပြည်တွင်းစက်သုံးဆီစျေးနှုန်းများ ယနေ့ဇူလိုင် ၇ ရက်တွင် တစ်လီတာ ကျပ် ၂၀၀၀ ဝန်းကျင်အောက်အထိ ကျဆင်းခဲ့ကြောင်း တွေ့ရှိရပါသည်။ ယနေ့တွင် ရန်ကုန်နှင့်မန္တလေးမြို့နယ်အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များအတွင်းရှိစက်သုံးဆီ လက်လီစျေးနှုန်းများအား စက်သုံးဆီတင်သွင်းဖြန့်ဖြူးခြင်းလုပ်ငန်းကြီးများက အများပြည်သူဝယ်ယူနိုင်မည့် စျေးနှုန်းများကို ထုတ်ပြန်ပေးထားသည်။
ယနေ့ ဇူလိုင် ၇ ရက် ရန်ကုန်မြို့၌ 92Ron တစ်လီတာလျှင် ၁၈၃၅ကျပ်၊ 95 Ron တစ်လီတာလျှင် ၁၉၅၅ ကျပ် ၊ Diesel တစ်လီတာလျှင်၂၁၉၅ကျပ်၊ Premium Diesel တစ်လီတာလျှင် ၂၂၂၅ ကျပ်ဟုလည်းကောင်း၊
အလားတူ မန္တလေးမြို့တွင် 92Ron တစ်လီတာလျှင် ၁၈၈၀ကျပ်၊ 95Ron တစ်လီတာလျှင် ၂၀၀၀ကျပ်၊ Diesel တစ်လီတာလျှင် ၂၂၄၀၊ Premium Diesel တစ်လီတာလျှင်၂၂၇၀ ကျပ်အထိဟုလည်းကောင်း၊
အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများအတွင်း၌လည်း ပျမ်းမျှပမာဏ ကျပ် ၁၀၀မှ ကျပ် ၂၀၀ ဝန်းကျင်အထိ ကျဆင်းသွားကြကြောင်းသိရသည်။ ထို့ကြောင့် ပြည်တွင်းစက်သုံးဆီစျေးနှုန်းမှာ ယခင်ရက်များထက်စာလျှင် ကျပ် ၁၀၀ ကျော်ဝန်းကျင်အထိ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်းမြင်တွေ့ရပါသည်။