ဂျာမနီရှိ ( German Federal Motor Transport Authority – KPA ) သည် Mercedes – Benz ၏ Level 3 အဆင့်ရှိသည့် Autonomous Driving စနစ်အား ဂျာမနီတွင် စမ်းသပ်ပြီးနောက် စနစ်အား အတည်ပြုလိုက်ပါသည်။ ( Drive Pilot ) ဟု အမည်ရသည့် ၎င်းစနစ်သည် LiDAR ကို အခြေခံထားသည့် Autonomous Driving နည်းပညာဖြစ်ပြီး ( Speed Below 60 kmh ) တွင် လုပ်ငန်းဆောင်ရွက်နိုင်ပါသည်။ Mercedes – Bens အနေဖြင့် Drive Pilot အား 2022 နှစ်လည်တွင် ထွက်ရှိမည့် New S – Class Model တွင် မိတ်ဆက်ထည့်သွင်းမည်ဖြစ်ပြီး ၎င်း၏ အနာဂက်ထုတ် Electric EQS ကဲ့သို့ Model များတွင်လည်း အသုံးပြုရန် စီစဉ်ထားပါသည်။

 

Level 3 အဆင့်ရှိသည့် အလိုအလျောက် မောင်းနှင်ခြင်း စနစ်ဆိုသည်မှာ – ယာဉ်မောင်းသည် Steering ကို လက်လွှတ်မောင်းနှင်နိုင်မည်ဖြစ်ကာ စနစ်မှ မောင်းနှင်မှုကို ဆောင်ရွက်ပေးသွားပါမည်။ သို့သော် ယာဉ်မောင်းသည် ထိုင်ခုံတွင် ထိုင်နေရမည်ဖြစ်ကာ နား ၊ မျက်စိ များဖြင့် ကြည့်ရှု သတိပြုရန်လိုအပ်ပါသည်။ Mercedes – Benz သည် Drive Pilot စနစ်အား ဂျာမနီရှိ အဝေးပြေး လမ်းများပေါ်တွင် ( ကီလို ၁၃၀၀၀ ) ကျော်အထိ စမ်းသပ်မောင်းနှင်ထားပါသည်။ Drive Pilot စနစ်သည် Traffic အနေအထားကဲ့သို့ ရှုပ်ထွေးသည့်လမ်းများ အတွက်များစွာ အထောက်အကူရပါမည်။

 

၎င်းစနစ်တွင် LiDAR ၊ ကင်မရာများ ၊ Microphones ၊ အထူးအာရုံခံကရိယာများ အဓိက ပေါင်းစပ်ပါဝင်မည်ကာ ယာဉ်၏ Speed ကို လိုအပ်သလို ထိန်းချုပ်ခြင်း နှင့် ယာဉ်ကျောပြောင်းလဲမှုအား Guide လုပ်ပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးပါမည်။ ၎င်းစနစ်သည် Digital High – Definition Map ) မှ တဆင့်လမ်းကြောင်း အခြေအနေများကိုလည်း ချိတ်ဆက် ရရှိနိုင်ပါမည်။ ဂျပန်အခြေစိုက် Honda ၏ Honda Legend Sedan တွင် Level 3 အဆင့်ရှိသည့် Traffic Tom Pilot System ကို ပထမဆုံး ထည့်သွင်းထားပါသည်။
#DriveMediaMyanmar