မိမိကားကို တာယာလေပေါင် ဘယ်လောက်ဖြည့်ရမလဲဆိုတာ Driver ဘက်ကားတံခါးဘောင်တွင် ကြည့်လိုက်ရင် ဥပမာ 230kPA,33 psi ဆိုပြီး ဖော်ပြထားလေ့ရှိပါတယ်။ kPa လား? psi လား? ဘာလို့ နှစ်မျိုးပြထားတာလဲလို့ တွေးမိဖူးကြမယ်ထင်ပါတယ်။
နိုင်ငံပေါ်မူတည်ပြီး ကွဲပြားတာမို့ လူကြီးမင်းတို့အနေနဲ့ ရေမြေရပ်ခြားရောက်သွားတဲ့အခါလည်း တာယာလေပေါင်နှင့်ပတ်သက်ပြီး kPa နဲ့ psi ကိုအသိစိမ်းမနေစေဖို့ နှစ်ခုရဲ့ ကွာခြားချက်ကို ပြောပြပေးလိုက်ပါတယ်။
“kPa”
ပြင်သစ်သိပ္ပံပညာရှင် Blasie Pascal မှရေဖိအားတိုင်းတာရန် စတင်အသုံးပြုခဲ့တဲ့ metric unit ဖြစ်ပါတယ်။ kPa(kilopascal) သည် 1000 pascals နှင့်ညီမျှပြီး ဖိအားနည်းလေထု တိုင်းတာရန်အတွက် အသုံးပြုသည့် ယူနစ်အသေးစားဖြစ်သောကြောင့် တာယာလေပေါင်ချိန်ကို kPa နဲ့တိုင်းတာကြပါတယ်။ kPa ကိုဥရောပနိုင်ငံများတွင် အသုံးပြုကြပြီး 1 kPa သည် 0.145038 psi နှင့် ညီမျှပါတယ်။
“psi”
မြန်မာနိုင်ငံအပါအဝင် USA နှင့် UK မှာပါ psi(pounds per square inch) ကိုအသုံးအများကြပြီး ပေါင်ချိန်စနစ်အပေါ်အခြေခံထားတဲ့ imperial unit ဖြစ်ပါတယ်။ တစ်ပေါင်တွန်းအားသည် တစ်စတုရန်းလက်မ ဧရိယာသို့ သက်ရောက်သည့် ဖိအားဖြစ်ပြီး 1 psi မှာခန့်မှန်းခြေ 6,895 pascals ရှိပါတယ်။ psi ကိုတာယာလေပေါင်အပြင် သွေးပေါင်ချိန်တိုင်းတာရာတွင်လည်း အသုံးပြုကြပါတယ်။
တာယာလေပေါင်ကို ကားအများစုတွင် driver ဘက်အခြမ်း တံခါးဘောင်တွင် ကြည့်ရှုနိုင်ပြီး ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် #မှန်ကန်ကိုက်ညီမှုရှိသော လေပေါင်ချိန်ဖြည့်သွင်းပေးဖို့ အကြံပြုရင်း kPa နှင့် psi ရဲ့ကွာခြားချက်ကို ဗဟုသုတအနေနဲ့ ဝေမျှပေးလိုက်ပါတယ်
#HondaAutoMyanmar #DriveMediaMyanmar
