
Zawgyi Version……
မိသားစုသုံးအတွက် အသင့်တော်ဆုံး Volkswagen Viloran MPV
Buick GL 8 နှင့် Lexus LM ထို့ကဲ့သို့ တန်းမြင့် MPV Model အား Volkswagen နှင့် တရုတ်နိုင်ငံရှိ မိတ်ဖက် SAIC တို့ စုပေါင်းပြီး ထုတ်လုပ်လိုက်ကာ Viloran MPV ဟု ခေါ်ဆိုပါသည်။ ၎င်းသည် VW ၏ ဥရောပသို့ ရောင်းချသည့် Shoran MPV ၏ အရှေ့ပိုင်းဒီဇိုင်းနှင့် Touraeg ၏ အနောက်ဖက်ဒီဇိုင်းတို့ကို Sharing လုပ်ထားသည့် Model ဖြစ်သော်လည်း ( ၂၀၉ လက်မ ) ခန့်အလျားရှိပြီး Shoran MPV ထက် ( ၁၈ လက်မ ) ခန့်ပို၍ ရှည်ပါသည်။ ထူးခြားမှုအနေဖြင့် ၎င်းတွင် ( Executive – level Living Room ) တို့ ထည့်သွင်းထားပြီး ထိုင်ခုံများအား 2 – 2 – 3 Seating ပုံစံဖြင့် ခင်းကျင်းထား၍ ကျယ်ဝန်းသည့် အတွင်းခန်းအနေဖြင့် ဖန်တီးထားပါသည်။ ဒုတိယထိုင်ခုံများသည် Captain’s Chair ပုံစံဖြစ်ပါသည်။ Viloran တွင် ခေတ်မှီပါဝင်မှုများအနေဖြင့် – မြင်ကွင်းကျယ်အမိုးဖွင့်စနစ် ၊ Adaptive Cruise Control ၊ ပတ်လည်မြင်ကွင်းကင်မရာ ၊ Royal Hall – Level Dynovdio အမျိုးအစားအသံစနစ်တို့ ပါဝင်သည်။ ၎င်းအား MQR Platform ကို အခြေခံကာ ဖန်တီးထားပြီး ( 2.0 L Turbocharged I 4 Engine ) ၊ ( 217 hp ) အင်ဂျင်နှင့် ( 7 – Speed DSG Gearbox ) ကို တပ်ဆင်ထားပါသည်။ Viloran MPV သည် VW ၏ တရုတ်ဈေးကွက်အတွက် ရောင်းအားမြှင့်တင်ခြင်းအစီအစဉ်၏ အပိုင်းဖြစ်ပြီး ယခုနှစ်အတွက် Model အသစ်( ၅ ) မျိုးကို တရုတ်၌် မိတ်ဆက်မည်ဖြစ်ကာ 2020 တွင် Model အသစ် ( ၅ ) မျိုးထပ်မံမိတ်ဆက်ရန် စီစဉ်ထားပါသည်။