India အခြေစိုက် TATA  Motors သည် Avinya EV Sleek Concept Car အားမိတ်ဆက်လိုက်ပြီး၎င်းအား Tata ၏ EV ဆိုင်ရာရည်မှန်းချက်၏ အပိုင်းတရပ်အနေဖြင့် Tata မှဖန်တီးခြင်းဖြစ်သည်။ Avinya အမည်သည်  Sanskrit ဘာသာစကားဖြစ်ပြီး Innovation ကိုဆိုလိုခြင်းဖြစ်ပါသည်။ Avinya သည်အလွန်စွဲဆောင်မှုရှိသည့် Design အခင်းအကျင်းဖြင့်ဖန်တီးထားသည့် Concept Model ဖြစ်ပြီး Tata ၏ EV Car Platform တွင် အခြေခံထားသည်ကိုမြင်တွေ့ရပါသည်။ အဆိုပါ Platform အား၎င်း၏အခြား EV ဖြစ်သည့် Curyy Concept နှင့်ပုံမှန် ICE Engine များတွင်လည်းအသုံးပြုနိုင်ရန် ရည်ရွယ်ထားပါသည်။ Avinya Concept Model တွင် Battery အနေဖြင့် ( မိုင် ၃၁၀ ) ခန့်အထိအသုံးပြုနိုင်သည့် Long-Range Battery Type ကိုအသုံးပြုထားကာအဆိုပါ Battery အား မိနစ် ( ၃၀ ) ခန့်အားသွင်းရုံဖြင့် Full Charge ဖြစ်စေသည့် Fast Charger System ဖြင့်လည်းပေါင်းစပ်ထားပါသည်။

 

Concept ၏ဒီဇိုင်းသည် Minivan ထက် Crossover ဖက်သို့ပိုရောက်သည့်ဒီဇိုင်းဖြစ်ကာ B-Pillar တွင် Suicide Door များထည့်သွင်းထားသည့်အပြင် အရွယ်ကြီးမားသည့် ဘီးများလည်းပါဝင်ပါသည်။ သွယ်လျသည့်အရှေ့မီးကြီးနှင့်  Floating Taillight Design ကဲ့သို့တမူထူးခြားသည့် အခင်းအကျင်းများ ၊ Side Camera Mirror စသည့် Features များလည်းပါဝင်ပါမည်။ အရှေ့ဖက်ခရီးသည်ထိုင်ခုံအား ဆုံလည်ပုံစံ ပြုလုပ်နိုင်ခြင်း ၊ ကျယ်ဝန်းသည့် Legroom ၊ Steering နှင့်ချိတ်ဆက်ထားသည့် Screen Design , Handheld Gaming Console စသည့်ထူးထူးခြားခြား အခင်းအကျင်းများကိုခံစားရနိုင်ပါမည်။ Tata သည် Avinya အား Production Made အနေဖြင့် 2025 ခန့်တွင်ထုတ်လုပ်နိုင်ရန် ရည်ရွယ်ထားပြီး New GEN 3 Architecture အနေဖြင့်ဖန်တီးပါမည်။

#DriveMediaMyanmar