မိုးရာသီဟာ ကားမောင်းသူတွေအတွက် လမ်းမပေါ်က စိုစွတ်မှုကြောင့် သိပ်ကို အန္တရာယ်များတဲ့ကာလဖြစ်ပြီး မောင်းနှင်ရာမှာ ပိုပြီးသတိကြီးစွာထားရပါတယ်။ မိုးရာသီမှာအန္တရာယ်ကင်းကင်းနဲ့မောင်းနှင်နိုင်ဖို့ ကားမောင်းသူများအနေနဲ့ ဂရုစိုက်သင့်တဲ့အချက်များကို မျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်။

၁။ မိုးသည်းထန်ရွာသွန်းတွင် မြင်ကွင်းမှုန်ဝါးတာ၊ စိုစွတ်မှုကြောင့် လမ်းချော်တာ၊ ကားအစိတ်အပိုင်းများ ချို့ယွင်းမှုများဖြစ်ပေါ်တတ်တာကြောင့် အရေးကြီးသည့် ခရီးစဉ်မဟုတ်ပါက ရာသီဥတုပိုမိုကောင်းမွန်လာသည်အထိ စောင့်ဆိုင်းသင့်ပါတယ်။

၂။ မိုးရွာသီမှာ ကားမောင်းတဲ့အခါ မြင်ကွင်းရှင်းလင်းဖို့ အတွက် Wiper တွေကို ဂရုတစိုက်စစ်ဆေး သန်ရှင်းပေးသင့်ပါတယ်။ ဒါ့အပြင် စိုစွတ်တဲ့ လမ်းတွေပေါ်မှာ မောင်းနှင်တဲ့အခါ လမ်းချော်တာ၊ ဘရိတ်နင်းရင် လျှောထွက်တာမျိုး၊ အရှိန်မထိန်းနိုင်တာမျိုးတွေ မဖြစ်အောင် သင့်ကားရဲ့ တာယာများကို အနည်းဆုံး နှစ်ကြိမ် စစ်ဆေးသင့်ပါတယ်။ တာယာပန်းတွေပါးနေပြီဆိုရင်‌တော့ တာယာအသစ်လဲဖို့အတွက် အကြံပေးချင်ပါတယ်။

၃။ မိုးသည်းထန်စွာ ရွာနေချိန်တွင် ကားမောင်းနှင်နေပါက တင်ထားတဲ့ အမြန်နှုန်းကို လိုက်နာသင့်ပြီး ပုံမှန်ထက်မနှေးဘဲ မောင်းနှင်သင့်ပါတယ်။ သင့်ကားရဲ့ တုံ့ပြန်မှုဟာ သာမာန်ထက် ပိုနှေးကွေးတာကြောင့် တတ်နိုင်သ၍ ဘရိတ်နင်းခြင်းကို မပြုလုပ်ဘဲ အရှိန်လျှော့ရန် လီဗာ နင်းထားတဲ့ ခြေထောက်ကိုသာ ဖြည်းဖြည်းချင်း လွှတ်သင့်ပါတယ်။

၄။ ရှေ့မီးကြီးဖွင့်ပါ။ ဒါမှသာ မိုးရွာတဲ့နေများမှာ အခြားယာဉ်မောင်းများက သင့်ကားကို ရှင်းလင်းစွာ မြင်ရမှာဖြစ်ပြီး သင့်ကိုယ်ပိုင်မြင်ကွင်းကိုလည်း ရှင်းလင်းစေမှာဖြစ်ပါတယ်။

၅။ သင်နှင့် ရှေ့ကား အကြား သင့်လျော်တဲ့ နောက်လိုက်အကွာအဝေးမှသာ မောင်းနှင်သင့်ပါတယ်။ ဒါ့အပြင် စွတ်စိုတဲ့ရာသီဥတုမှာ ကားရပ်ဖို့အတွက် ဘရိတ်နင်းရင် ရပ်တန့်မှုအကွာအဝေးပိုရှည်တာကြောင့် ခပ်လှမ်းလှမ်း အကွာအဝေးမှ မောင်းနှင်မှသာ ရှေ့ကားရဲ့ ဘရိတ်မီးကို စောင့်ကြည့်ဖို့အတွက် အဆင်ပြေမှာဖြစ်ပါတယ်။

၆။ ရေဝပ်နေသောနေရာများကို တတ်နိုင်သမျှ ရှောင်ရှားပြီး မောင်းနှင်သင့်ပါတယ်။ ရေဝပ်နေတဲ့နေရာတွေကို ဖြတ်ကျော်တဲ့အခါ သင့်ကားကို ပိုမိုလှုပ်ရမ်းစေနိုင်တာကြောင့် ရှောင်ရှားမောင်းနှင်သင့်ပါတယ်။

ဒီအချက်တွေကို လိုက်နာခြင်းအားဖြင့် KIA Myanmar ချစ်သူတွေအနေနဲ့ မိုးရာသီမှာ အန္တရာယ်ကင်းဘေးရှင်းစွာ မောင်းနှင်နိုင်ကြပါစေရှင်။