EV တွေက Eco Friendly ဖြစ်တယ်ဆိုရုံနဲ့မလုံလောက်သေးပါဘူး။ မောင်းနှင်သူတွေရဲ့ ကျန်းမာရေး၊ လုံခြုံရေးနဲ့ အသုံးပြုရ အဆင်ပြေမှုတွေကိုထည့်သွင်းစဥ်းစား တည်ဆောက်ထားမှသာ အဆင့်မြင့် EV အဖြစ်သတ်မှတ်နိုင်မှာဖြစ်ပါတယ်။
“Geometry C” ကထိုအရာတွေအားလုံးနဲ့ကိုက်ညီတဲ့ EV ဖြစ်တယ်ဆိုတာကိုသူရဲ့ နည်းပညာတွေကို ကြည့်ခြင်းအားဖြင့်သိရှိနိုင်ပါတယ်။
“Pure breathing space”
ယာဉ်အတွင်း လတ်ဆက်တဲ့လေကို ရှူရှိုက်နိုင်ဖို့ အဆင့်မြင့်နည်းပညာသုံး CN95 Cabin Filter ကို ထည့်သွင်းအသုံးပြုပေးထားပါတယ်။ CN95 Cabin Filter ရဲ့အကူအညီနဲ့ ယာဉ်အတွင်းဝင်ရောက်ဖို့ လွယ်ကူတဲ့ အချင်း ဝ.၃ မိုက်ခရိုမီတာရှိ အလွန်သေးငယ်လွန်းလှတဲ့ အမှုန်အမွှားနဲ့ ဗိုင်းရပ်တွေကို ထိရောက်စွာစစ်ထုတ်ပေးနိုင်ပါတယ်။ ဒါ့ပြင် AQS ecological filtration စနစ်က ကားအတွင်းနှင့် အပြင်ရှိ လေထုအရည်အသွေးကို အချိန်နှင့်တပြေးညီ စောင့်ကြည့်စစ်ဆေးကာ လေအေးပေးစက်၏ အတွင်းနှင့် ပြင်ပ လည်ပတ်မှုကို အလိုအလျောက် ပြောင်းလဲပေးပြီး ကားထဲသို့ အန္တရာယ်ရှိသော ဓာတ်ငွေ့များကို ကာကွယ်ရန်၊ ကားအတွင်းပိုင်း လေထုအရည်အသွေးကို မြှင့်တင်ပေးထားပါတယ်။
“540°AR chassis perspective”
540°AR Chasis မြင်ကွင်းက ကားတစ်စီးလုံးကို လမ်းကြောင်းအရပ်ရပ်မှ ကြည့်ရှုနိုင်ပြီး ယာဉ်အောက်ရှိ မမြင်နိုင်သော မျက်ကွယ်အရာများကို မြင်နိုင်စေသောကြောင့် မတော်တဆမှုများကို လျှော့ချပေးနိုင်ပါတယ်။
“E-touch central super-sensing touch area”
Geometry ၏ Cockpit ကို ဖက်ရှင်ကျကျနှင့် စမတ်ကျစေရန် ဖန်တီးထားပြီး ယာဉ်ကို စက်နှိုးလိုက် တာနဲ့ ဆဋ္ဌဂံပုံ အပြာရောင် ဒစ်ဂျစ်တယ် Touch Area က တဖြည်းဖြည်း ထွက်ပေါ်လာမှာဖြစ်ပါတယ်။ နှစ်ကြိမ်ထိရုံနဲ့ မီလီစက္ကန့်အတွင်း တုံ့ပြန်မှုအပြည့်ရှိသော E-touch ကနေ 360 ဒီဂရီကင်မရာ၊ Auto Parking Assist နဲ့ Hill Decent Control စတာတွေကိုထိန်းချုပ်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ နောက်ခံ Panel အရောင်နှင့် လေထုအလင်းရောင်ကို ချိတ်ဆက်ထားပြီး အံ့မခန်းသောနည်းပညာနှင့် အဆင်ပြေသော ထိန်းချုပ်မှုတို့ကို ပေးစွမ်းပါတယ်။ “အနာဂတ်ရဲ့ နည်းပညာကသင့်ရဲ့ လက်ချောင်းထိပ်မှာရှိတယ်” ဆိုတဲ့အတိုင်း Geometry C ရဲ့ Cockpit ထဲမှာ လက်ချောင်းထိပ်လေးနဲ့ အရာအားလုံးကိုထိန်းချုပ်နိုင်အောင်စီမံပေးထားပါတယ်။

—-

—-

—-
