ရက်ပိုင်းအတွင်းစုံစမ်းသိရှိရသည့်ပြောဆိုချက်အရ CB bank နှင့် KBZ bank များသည်ကားနှင့်ပက်သက်သည့် Automobile loan/Hire Purchase များကိုခေတ္တရပ်နားထားကြောင်း သိရှိရပြီး AYA bank, Yoma Bank, MCB bank တို့သည်လက်ရှိအချိန်တွင် Automobile loan/Hire Purchase လျှောက်ထားနိုင်ကြောင်း သိရှိရပါသည်။

ရိုးမဘဏ်မှတာဝန်ရှိသူတစ်ဦးပြောကြားချက်အရ ချေးငွေကို 30% နှင့် 50% လျှောက်ထားနိုင်ပြီး အတိုးအနေဖြင့် 10% ကျသင့်မည်ဖြစ်ကာ နှစ်အလိုက်ကွဲပြားခြားနားနိုင်ပါသည်။ Brand New Car ဆိုပါက ၅ နှစ်အထိလျောက်ထားနိုင်ပြီး Used Car ဆိုလျှင် ၃ နှစ်အထိလျောက်ထားနိုင်ကြောင်းသိရပါသည်။ 70% ချေးလျှင်ဝန်ဆောင်ခအနေဖြင့် 1% ထပ်ဆောင်းပေးရပါမည်ဖြစ်ကာ အတိုးနှုန်းများကတော့ ၁ နှစ်လျှင် ၆%၊  ၂ နှစ်လျှင် ၁၂%၊ ၃ နှစ်လျှင် ၁၈% အသီးသီးကျသင့်ပါမည်။ ယခုလက်ရှိတွင် Car Showroom များမှ Dealer အနေဖြင့်ပြုလုပ်ပေးနေပြီးထိုမှတဆင့် လျှောက်ထားပါကပိုမိုမြန်ဆန်ကြောင်းသိရပါသည်။

ဝန်ထမ်းအနေဖြင့်လျှောက်လိုလျှင် မှတ်ပုံတင်၊ နေရပ်လိပ်စာ၊ အိမ်ထောင်စုစာရင်း၊ ဘဏ်အကောင့်တခု၊ ပုံမှန်ဝင်ငွေရှိခြင်း၊ Company Letter Head ဖြင့်ထောက်ခံစာတွင် ရာထူး လစာ လုပ်သက် ဖော်ပြခြင်း၊ salary pay slip ၃လစာ၊ ရပ်ကွက်တွင်နေထိုင်ကြောင်းထောက်ခံစာနှင့် အာမခံသူတဦး စသည်တို့လိုအပ်ပါသည်။

လုပ်ငန်းရှင်အနေဖြင့်လျှေက်လိုလျှင် မှတ်ပုံတင်၊ နေရပ်လိပ်စာ၊ အိမ်ထောင်စုစာရင်း၊ ကုမ္ပဏီ အရှုံးအမြတ်စာရင်း၊ ကုမ္ပဏီလိုင်စင်နှင့်စာရွက်စာတမ်းများ၊ ဘဏ်အကောင့်ဖွင့်ခြင်း၊ ပိုင်ဆိုင်မှုပြခြင်း၊ အာမခံသူတဦးနှင့် ရပ်ကွက်တွင်နေထိုင်ကြောင်းထောက်ခံစာ စသည်တို့လိုအပ်ပါသည်။

#DriveMediaMyanmar