KIA သည် 2023 Niro အား Seoul Mobility Show တွင် မိတ်ဆက်ပြသလိုက်ပြီး ၎င်းအား လွန်ခဲ့သည့်နှစ်အနည်းငယ်၌ မိတ်ဆက်ခဲ့သည့် Haba Niro Concept ထံမှ အများအားဖြင့် မှီငြမ်းထားပါသည်။ အကွေ့အကောက်များဖြင့် Design ဖန်တီးထားသည့် Grille နှင့် ထူးခြားသည့် LED Headlight တို့တွင် Black Trim ကိုလည်း ရောနှောပေါင်းစပ်ထားသည့်အပြင် ကားနောက်ဖက်ရှိ Black Quarter Panel Design သည် Haba Niro ထက်ပို၍ ထင်ရှားပါသည်။ သွယ်လျသည့် ဒေါင်လိုက်ပုံစံအနောက်မီးတန်းကိုလည်း တမူထူးခြားစွာ ဖန်တီးထားသည်ကို ခံစားရိနိုင်ပါမည်။ ကား၏ ဒီဇိုင်းသည် သစ်လွင်ပြီး ကျစ်သစ်လှပသည့် ပုံစံရှိကာ Aerodynamic ဆန်ဆန်လည်းရှိမည်ဖြစ်သည်။ ကားအတွင်းခန်ကိုမူ KIA ၏ Modern Design ဟုဆိုရမည့် အရွယ်ကြီးမားသည့် Screen ကို ဗဟိုပြုဖန်တီးထားမည်ဖြစ်ကာ အသေးစိတ်မှစ၍ သပ်ရပ်ခမ်းနားစွာ ခင်းကျင်းထားပါသည်။ New Sportage ထံမှ ရယူထားသည့် Multifunction Button Panel Layout လည်းပါဝင်မည် ဖြစ်သည်။ New Niro တွင် Recycled wallpaper ထံမှ ရရှိသည့် Headliner နှင့် Eucalyptus အရွက်မှ ဖန်တီးထားသည့် Materials ဖြင့် ပြုလုပ်ထားသည့် ထိုင်ခုံများ ကဲ့သို့ GREEN Materials များလည်း ပါဝင် ပါသည်။ New Niro တွင် ( Hybrid / PHEV / Full EV ) ကဲ့သို့ အင်ဂျင်များပါဝင်နိုင်ဖွယ်ရှိပြီး အဆင့်မြင့် နည်းပညာအသုံးပြုထားသည့် Battery အားသွင်းသည့် စနစ်များလည်းပါဝင်မည်ဖြစ်သည်။ ၎င်းအား 2022 တွင် စတင်ရောင်းချ မည်ဖြစ်ပြီး အသေးစိတ်အချက်များကို မကြာခင် ထပ်မံ ကြေငြာမည်ဖြစ်သည်။
#DriveMediaMyanmar







