VW Lamando သည် VW Jetta / Sagitar ၏ Sleeker Version Model ဖြစ်သည်။ VW သည် အချို့ Market များတွင် Passat အား Arteon ဟု ၎င်း ၊ Jetta အား Lamando ဟု၎င်း ၊ ရောင်းချပါသည်။ Original Model အား SAIC – VW ဖက်စပ်အနေဖြင့် 2014 တွင် မိတ်ဆက် ထုတ်လုပ်ခဲ့ပါသည်။ 2022 VW Lamando သည် All – New Model ဖြစ်ကာ ထူးခြားပြီး လှပသည့် ဒီဇိုင်းဖြင့် အဓိက ဖန်တီးထားပါသည်။ အရှေ့မီးလုံးဒီဇိုင်းအား VW ၏ EV ID Model များထံမှ မှီငြမ်းရယူထားပါသည်။ New Model တွင် မတူညီသည့် Trim Level များ ပါဝင်ပါမည်။ ကား၏ ကိုယ်ထည်သည် Lift back Body Style ဟု ဆိုရမည်ဖြစ်ပြီး Volkswagen ဟန်ပန်များကို တွေ့မြင်ခံစားရမည့် Model ဟု ဆိုရပါမည်။ 2022 VW Lamando ကို တရုတ်နိုင်ငံရှိ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနတွင် Publish တင်ထားခြင်းဖြစ်သည်။ New Lamando ၏ အတွင်းခန်းအား ကျယ်ကျယ်ဝန်းဝန်း ခင်းကျင်းထားမည့်အပြင် အရွယ်ကြီးမားသည့် 
Display Screen များ သက်သောင်သက်သာရှိမည့် ထိုင်ခုံအခင်းအကျင်းများ အပါအဝင် Modern Features   များလည်း စုံလင်စွာပါရှိမည်ဟု VW Fan များမှ ယူဆကြသည်။ New Lamando တွင် တမူထူးခြားသည့် Exhaust Pipe ကဲ့သို့ Feature များပါဝင်သည့် Higher – End Version တို့လည်း ရနိုင်ပါမည်။ Peugeot 508 ကဲ့သို့ ကျယ်ဝန်းပြန့်ကားပြီး လှပမှုရှိသည့် Taillight Design ကိုလည်း အလားတူ ခံစားရမည်ဖြစ်သည်။ 2022 VW Lamando အား တရုတ်နိုင်ငံတွင် ရောင်းချပါမည်။