2021 Model အတွက် Facelift အနေဖြင့် ထွက်ရှိလာသည့် 2021 Hyundai Accent အား ထူးခြားပြီး လှပသည့်ပုံစံနှင့် အတူ Features အသစ်များဖြင့် တွေ့မြင်ရပါမည်။ Accent အား India တွင် Hyundai Verna အမည်ဖြင့်လည်း တွေ့မြင်နိုင်ပါမည်။ 2021 Accent တွင် ဇကာကွက်ပုံစံ Grille Design အသစ်နှင့် အတူ ယခင် Model ထက် ပိုလှပသည့် HID Headlight Design နှင့် နှင်းခွဲမီးများ ပေါင်းစပ်ထားသည့် အရှေ့ဖက် ဒီဇိုင်းကို ဦးစွာခံစားရမည်ဖြစ်ပြီး သွယ်လှသည့် Body style တွင် Design အသစ်ဖြစ်သည့် ( 16 – inch Alloy Wheel ) တို့ ပါဝင်မည်။ အနောက်ဖက်ရှိ Taillight Design သည်လည်း ပုံစံအသစ်ဖြစ်ကာ Backup Camera ကိုလည်း ထည့်သွင်းထားပါမည်။ အဝေးထိန်းစနစ်နှင့် စက်နိုးနိုင်မည့် Smart Key နှင့် Rear Parking Sensor ကဲ့သို့ Features များလည်းပါဝင်ပါသည်။ သပ်ရပ်လှသည့်အတွင်းခန်းတွင် Leather Seat များက Accent ချစ်သူတို့ကို ကျေနပ်စေမည့်အပြင် Engine Push-start / Digital Air Con ကဲ့သို့ ပါဝင်မှုများကိုလည်း တွေ့ရပါမည်။ 2021 Accent အတွက် ထူးခြားချက်တခုမှာ အလွန်လှပသည့် Design ဖြင့် ဖန်တီးထားသည့် Full LCD Cluster ဖြစ်ကာ ၎င်းနှင့်အတူ ( ၈ ) လက်မပတ်လည် Infotainment Screen ပေါင်းစပ်ထားကာ Bluetooth ၊ Cruise Control ၊ Steering Control Bluetooth ၊ စသည့် Function များလည်းပါဝင်ပါမည်။ ၎င်းတွင် အင်ဂျင်အနေဖြင့် ( 1.4 L MP I Engine ) ၊ ဓာတ်ဆီအင်ဂျင်နှင့် ( 6 – Speed Auto gear ) တို့ ထည့်သွင်းထားပါမည်။ Safety Features များအနေဖြင့် – အသက်ကယ်လေအိတ် ( ၂ ) လုံး | ABS | Speed Sensing Door Lock | စသည့် Features များပါဝင်မည်ဖြစ်သည်။